• စွမ်းအင်စီမံခန့်ခွဲရေးစနစ် လိုအပ်သည့်နေရာတွင်၊ လိုအပ်သည့်အချိန်၌ လိုအပ်သည့်စွမ်းအင် ပံ့ပိုးပေးခြင်း

လျှပ်စစ်နှင့် အပူကို ထိထိရောက်ရောက်အသုံးချခြင်းဖြင့် လိုအပ်သည့်နေရာတွင် စွမ်းအင်ထုတ်ပေးနိုင်ခြင်း

လက်ရှိအသုံးပြုနေသည့်အဓိကလျှပ်စစ်အား ကြီးမားသည့်စွမ်းအင်ဌာနမှ ထုတ်ပေးခြင်းဖြစ်ပါသည်။ သို့ရာတွင် လျှပ်စစ်ထုတ်လွှတ်ပေးချိန်တွင် အသုံးမပြုလိုက်ရသည့် အိတ်ဇောအပူနှင့် လျှပ်စစ်ထုတ်လွှတ်ချိန်တွင် ဆုံးရှုံးသွားသည့် စွမ်းအင်များသည် အလုံးစုံစွမ်းအင်ချွေတာမှုအား ၄၀ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းစေပါသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် စွမ်းအင်ထုတ်လွှတ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်မှာ အလဟဿဖြစ်နေရပါသည်။

Yanmar သည် စွမ်းအင် အလဟဿမဖြစ်ဘဲ ထိရောက်စွာအသုံးချနိုင်စွမ်းရှိသည့် လူမှုအဖွဲ့အစည်းဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အပူနှင့်စွမ်းအင်ပေါင်းစပ်မှုစနစ်ကို ဖန်တီးထားပါသည်။ ကျွန်ုပ်တို့၏စနစ်သည် ကာဗွန်နူထရယ်ဘိုင်အိုဓာတ်ငွေ့နှင့် သဘာဝဓာတ်ငွေ့များကဲ့သို့သော ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းပါးသော လောင်စာဆီများနှင့် မောင်းနှင်သည့် အင်ဂျင်များမှနေ၍ စွမ်းအင် ထုတ်လုပ်ပေးခြင်းဖြစ်သည်။ ပါဝါထုတ်လွှတ်မှုအတွင်းထွက်ရှိလာသည့်အပူအား စွမ်းအင်ဆုံးရှုံးမှုလျှော့ချရန် ရေပူထောက်ပံ့မှု၊ အပူပေးခြင်းနှင့် အအေးပေးခြင်းတွင် အကျိုးရှိစွာအသုံးချလျက်ရှိပါသည်။ Yanmar သည် စက်မှုလုပ်ငန်းကိုဦးဆောင်နေသည့် အကျိုးရှိမှုမှတဆင့် လျှပ်စစ်နှင့် အပူ နှစ်မျိုးစလုံး၏ အကျိုးရှိရှိအသုံးချမှုကို သိမြင်နားလည်ခဲ့ပါသည်။

စွမ်းအင်အကျိုးရှိရှိ အသုံးချခြင်းအား အထိရောက်ဆုံးဖြစ်စေသည့် ကွန်ရက်စနစ်တစ်ခု ရရှိအောင်မြင်စေရန် ကြိုးစားအားထုတ်ခြင်း

နောက်ဆုံးပေါ်နည်းပညာများကို အသုံးချခြင်းဖြင့် Yanmar သည် သီးခြားအပူနှင့်စွမ်းအင်ပေါင်းစပ်မှုစနစ်များ၏ ပေါင်းစပ်ကွန်ရက်ကို ဖန်တီးခဲ့ပါသည်။ ယူနစ်တစ်ခုချင်းစီတွင် အပူနှင့် စွမ်းအင်ကိုဖလှယ်နိုင်စေခြင်းဖြင့် အမြဲတမ်းပိုမိုကောင်းမွန်သည့် အကျိုးဖြစ်ထွန်းမှုများကို ရရှိနိုင်စေပါသည်။ လူ့အသိုင်းအဝိုင်းအတွင်း ပိုလျှံနေသည့်စွမ်းအင်အား ဒေသတွင်းစွမ်းအင်ပြတ်တောက်မှုတွင် ပြန်လည်အသုံးချနိုင်ရန် မျှဝေပေးပြီး အသင့်တော်ဆုံးစွမ်းအင်ဖြန့်ဝေရေးမှတဆင့် စွမ်းအင်ဆုံးရှုံးမှုအား လျှော့ချပေးသည်။

"A SUSTAINABLE FUTURE (ရေရှည်တည်တံ့ခိုင်မြဲသောအနာဂတ်)" ကို နားလည်သဘောပေါက်ရန် ဦးတည်လုပ်ကိုင်နေခြင်း

ကမ္ဘာကြီး၏ မည်သည့်နေရာတွင် ရှိသည်ဖြစ်ပါစေ လိုအပ်သည့်အချိန်တွင် လိုအပ်သလို စွမ်းအင်အသုံးချနိုင်သည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် Yanmar မှ ကြိုးစားလုပ်ကိုင်နေပါသည်။
ယင်းကဲ့သို့ ကမ္ဘာကြီးတစ်ခုလုံးနှင့် သက်ဆိုင်သည့် အနာဂတ်အား ဖန်တီးနိုင်ရန်၊ Yanmar မှ စွမ်းအင်အသုံးပြုမှုသက်သာသည့် ထုတ်လုပ်ရေးနှင့် အသင့်တော်ဆုံး စွမ်းအင်ဖြန့်ဝေပေးရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ လုပ်ဆောင်လျက်ရှိသည်။

Yanmar သည် ဟိုက်ဒရိုဂျင်၊ ဇီဝစွမ်းအင်နှင့် နေစွမ်းအင်၊ လေ နှင့် ဟိုက်ဒရိုအလက်ထရစ်စွမ်းအင်တို့ကဲ့သို့သော သဘာဝစွမ်းအင်များပါဝင်သည့် အမျိုးမျိုးသောစွမ်းအင်အရင်းအမြစ်များအား အကျိုးအရှိဆုံးအသုံးချခြင်းဖြင့် ထုတ်လွှတ်မှုဇီးရိုးဖြစ်သည့်လူမှုအဖွဲ့အစည်းဖြစ်စေရန်နှင့် ပိုမိုဘေးကင်းလုံခြုံကာ ပိုမိုသန့်စင်သည့်စွမ်းအင်ကိုဖြည့်စွမ်းပေးရန်လည်း ကြိုးစားအားထုတ်လျက်ရှိပါသည်။