• စက်ရုပ်ထွန်စက် ယာဥ်မောင်းမပါသည့် ထွန်စက်များမှာ အနာဂတ် စိုက်ပျိုးရေးနောက်ကွယ်ရှိ မောင်းနှင်အား ဖြစ်ပါသည်။

လူမလိုသည့် မော်တော်ယာဥ်နည်းပညာနှင့်အတူ ကျွန်ုပ်တို့သည် လယ်ယာလုပ်ငန်းကို အလိုအလျောက်လုပ်ကိုင် ဆောင်ရွက်စေပြီး လယ်ယာစိုက်ပျိုးရေးကမ္ဘာကြီးကို ပြောင်းလဲဖန်တီးပေးလျက်ရှိပါသည်။

အလုပ်သမားနည်းနည်းနှင့် အလုပ်အများအပြား ပြီးနိုင်ပါသည်။ အလှမ်းကွာဝေးလှတဲ့အိပ်မက်တစ်ခုဟာ ယခုအခါမှာတော့ တမဟုတ်ချင်းရောက်ရှိနိုင်တဲ့ အမှန်တရားတစ်ခုဖြစ်လာခဲ့ပါသည်။ Hokkaido တက္ကသိုလ်၏ပူးပေါင်းမှုဖြင့် တကယ့်လက်တွေ့ ကမ္ဘာ့မြင်ကွင်းများထဲသို့ စမ်းသပ်ထုတ်ပြနိုင်သော စက်ရုပ်ထွန်စက်ကို အောင်မြင်စွာ တီထွင်ဖော်ဆောင်နိုင်ခဲ့ပါသည်။

မြေဆီလွှာထွန်ယက်ခြင်းမှသည် ရိတ်သိမ်းခြင်းအထိ တစ်နှစ်ပတ်လုံးမောင်းနှင်အသုံးပြုခံရသည့်အတွက်ကြောင့် အလိုအလျောက်လည်ပတ်နိုင်သည့် လယ်ယာစိုက်ပျိုးရေးသုံး စက်ကိရိယာများထဲတွင် လယ်ထွန်စက်မှာ အကြံ့ခိုင်ဆုံးစက်ဖြစ်ပါသည်။ လူငယ်များအား အခြားနယ်ပယ်များတွင် အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်များကို ရွေးချယ်နိုင်စေမည့် အလုပ်သမားအင်အားကို လျှော့ချနိုင်ခြင်းနှင့်အတူ မောင်းသူမဲ့ထွန်စက်များသည် ဂျပန်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ ရှာဖွေနေသော အဖြေတစ်ရပ်ပင်ဖြစ်ပါသည်။

မောင်းသူမဲ့ စပါးစိုက်စက်များနှင့် ရိတ်သိမ်းခြွေလှေ့စက်များကဲ့သို့သော အခြားသောအလိုအလျောက်စက်ယန္တရားများ၏ဖွံ့ဖြိုးတိုးတက်မှုသည်လည်း ၎င်းတို့၏ဖြစ်နိုင်ချေကို ပို၍အလေးသာစေပါသည်။ ကျွန်ုပ်တို့အနေဖြင့် လယ်ယာခင်းထဲသို့ ပိုမိုလျှင်မြန်သောအမြန်နှုန်း၊ ပိုမိုကောင်းမွန်သော ဘေးကင်းမှုနှင့် တိကျမှုတို့ကို ယူဆောင်သွားစေနိုင်မည်ဆိုပါက လယ်ယာစိုက်ပျိုးရေးမှာ လုပ်ကိုင်ရန်ပိုမိုလွယ်ကူလာမည့် အလုပ်တစ်ခု ဖြစ်လာပါမည်။

စက်ရုပ်ထွန်စက် အဓိကနည်းပညာများနှင့် အားသာချက်များ

※ ပညာရှင်၏ သဘောကျအထင်ကြီးမှု
  • အလိုအလျောက်စနစ်ထည့်သွင်းထားခြင်းနှင့်အတူ လူတစ်ဦးတည်းဖြင့် ထွန်စက်နှစ်စီးကို မောင်းနှင်နိုင်မည်ဖြစ်သည်။ ထည့်သွင်းပါရှိသောအာရုံခံကိရိယာသည် တိုက်မိ၊ ဆောင့်မိခြင်းမှကာကွယ်ရန် လမ်းကြောင်းပေါ်ရှိ အတားအဆီးများကိုစူးစမ်းထောက်လှမ်းပေးပါသည်။
  • တက်ဘလက်အတွက် အသုံးပြုသူအင်တာဖေ့စ်အား အပြည့်အဝအသုံးပြုနိုင်ရန် လက်ရှိတွင် ဖန်တီးရေးသားဆဲဖြစ်ပါသည်။
  • အင်ဂျင်ထိန်းချုပ်ယူနစ် (ECU) သည် အသုံးပြုဆောင်ရွက်သော အခြေအနေများပေါ်တွင်လိုက်၍ အင်ဂျင်အမြန်နှုန်းနှင့် သွားလာသည့်အမြန်နှုန်းကို အလိုအလျောက်ပြောင်းလဲပေးပါသည်။
  • ယာဥ်မောင်းအခန်း ကင်မရာမှ အသုံးပြုဆောင်ရွက်ခြင်း အခြေအနေများကို တက်ဘလက်ပေါ်တွင် မြင်တွေ့နိုင်စေမည်ဖြစ်သည်။
  • GPS အပြင်၊ တိကျသည့် အသေးစိတ်အချက်အလက်ဖြင့် ထွန်စက်တည်နေရာ ဖော်ပြပေးခြင်းဖြင့် စက်ရုပ်ထွန်စက်မှ အခြေစိုက်စခန်းသို့ တယ်လီမက်ထရီတိုင်းတာချက်များလည်း ပေးပို့ပါသည်။
  • ကျယ်ဝန်းသည့် မောင်းနှင်ခန်းသည် အမြင်ပိုင်းတွင် ဆွဲဆောင်နိုင်ရုံသာမက ထိပ်တန်းအဆင့် မြင်နိုင်စွမ်းနှင့် သက်တောင့်သက်သာရှိမှုကိုလည်း ပေးစွမ်းပါသည်။