• Tier 4 အင်ဂျင် - Tier 4 သတ်မှတ်ချက်နှင့်ကိုက်ညီသည့်အင်ဂျင် ပန်းတိုင်- လေထက်သန့်စင်သော အိတ်ဇောငွေ့။

Tier 4 သတ်မှတ်ချက်များမှ ကမ္ဘာတစ်ဝှမ်းလုံးရှိ အင်ဂျင်နီယာများအတွက် မထင်မရှား စိန်ခေါ်မှု ကမ္ဘာကြီးသစ်တစ်ခုအား ဖွင့်လှစ်ပေးခဲ့သည်။

ကမ္ဘာ့ပထမဆုံးလက်တွေ့အသုံးဝင်သည့် ကျစ်လစ်သိပ်သည်းသောဒီဇယ်အင်ဂျင်ဖန်တီးစဥ်ကတည်းက Yanmar သည် ဒီဇယ်အင်ဂျင်များ၏ ဆင့်ကဲဖြစ်စဥ်တွင် ရှေ့တန်းမှရှိနေခဲ့ပါသည်။ ပတ်ဝန်ကျင်ဆိုင်ရာစွမ်းဆောင်မှုတွင် ခြွင်းချက်မရှိပါ။
Tier 4 (19 ≦ kW < 56)၊ အင်ဂျင်ထုတ်လွှတ်မှု သတ်မှတ်ချက်များ၏ လေးခုမြောက် အစီအစဥ်အား EPA – the US Federal Government Environmental Protection Agency မှ ၂၀၁၃ ခုနှစ်တွင် ဖန်တီးခဲ့သည်။ ယခင်အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် Tier 3 နှင့်နှိုင်းယှဥ်ကြည့်ပါက၊ ၎င်းမှာ "လေထက်သန့်စင်သော အိတ်ဇောငွေ့" လိုအပ်သည်ဟု ကျွမ်းကျင်သူများကြားတွင် ပြောကြားခဲ့သည့် သိသာသောတင်းကြပ်သည့်သတ်မှတ်ချက်ဖြစ်သည်။ Tier 4 သတ်မှတ်ချက်များမှ ကမ္ဘာတစ်ဝှမ်းလုံးရှိ အင်ဂျင်နီယာများအတွက် မထင်မရှား စိန်ခေါ်မှုကမ္ဘာတစ်ခု ဖွင့်လှစ်ပေးခဲ့သည်။

NOx (နိုက်ထရိုဂျင်အောက်ဆိုဒ်) + NMHC (မီသိန်းမဟုတ်သော ဟိုက်ဒရိုကာဗွန်)

PM (အိတ်ဇောအမှုန်များ)

Tier 4 မှ စည်းမျဥ်းတန်ဖိုးအား ခိုင်မာစေသည် (19 ≦ kW < 56)

ကမ္ဘာ့အမြန်ဆုံးအချိန်တွင် ကမ္ဘာအမြင့်ဆုံးအခက်အခဲကို ဖြေရှင်းရန်အလို့ငှာ။

ဒီဇယ်အင်ဂျင်များသည် စွမ်းအင်အတွက် လောင်စာဆီများကို လောင်ကျွမ်းစေခြင်းကြောင့် ကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိစေရန် မစွမ်းဆောင်နိုင်ပါ။ ကုမ္ပဏီတစ်ခုအနေဖြင့်၊ သုံးစွဲသူများအတွက် ယုံကြည်မှုရှိကာ အသုံးပြုရာတွင် လုံခြုံသည်ဟုခံစားရစေသော ထုတ်ကုန်များ ဖြန့်ဖြူးပေးရာတွင် အိတ်ဇောထုတ်လွှတ်မှုများကို Tier 4 သတ်မှတ်ချက်နှင့်ကိုက်ညီသည့်အဆင့်များ အထိဖန်တီးပေးနိုင်ရန် မိမိတို့ကိုယ်တိုင်အား စိန်ခေါ်ပါသည်။
ယခင်ဒီဇယ်အင်ဂျင်များတွင်၊ အင်ဂျင်ကိုယ်ထည်သည်သာ ရွေ့ခြင်း အဓိကလက္ခဏာဖြစ်သော်လည်း၊ ကျွန်ုပ်တို့၏ Tier 4 သတ်မှတ်ချက်နှင့်ကိုက်ညီသည့်အင်ဂျင်များ၏ အရေးအကြီးဆုံးစရိုက်လက္ခဏာမှာ လျှပ်စစ်ဆိုင်ရာ သတ်မှတ်ချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် အင်ဂျင်ကိုယ်ထည်နှင့်အတူ ရွေ့လျားသော လျှပ်စစ်ကိရိယာကို တပ်ဆင်ထားပါသည်။ ဤအင်ဂျင်ကိုထုတ်ရာတွင် မူလပုံစံနှင့်မတူဘဲ အများကြီးကွဲပြားသွားပြီး အင်ဂျင်၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ထုတ်လုပ်နည်းတို့မှာလည်း ပြောင်းလဲသွားခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အနာဂတ်အတွက်ဒီဇယ်အင်ဂျင်ဟုဆိုရမည့် ဒီဇယ်အင်ဂျင်အသစ်ကို ဖန်တီးခဲ့သည်ဟုပြောလျှင်ပင် ချဲ့ကားရာရောက်မည်မဟုတ်ပါ။
အနာဂတ် အင်ဂျင်ကို ဖန်တီးရန်အလို့ငှာ ဆန်းသစ်တီထွင်မှုများအား ထိန်းချုပ်ယူနစ်များ၏ ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင်သာ ပြုလုပ်ရုံသာမက ထုတ်လုပ်မှုလိုင်းတွင်လည်း စမ်းသပ်တီထွင်များစွာကို ပြုလုပ်ခဲ့ပါသည်။

နိဂုံးမချုပ်ခင်၊ အခက်အခဲပေါင်းများစွာကို ကျော်လွှားနိုင်ခဲ့ခြင်းအတွက် စက်မှုနယ်ပယ်တွင် လမ်းကြောင်းတစ်ခုကို ဦးဆောင်နိုင်စေခဲ့သော၊ ပတ်ဝန်းကျင်ကိုမြတ်နိုးသည့်ဆန္ဒဖြင့် ကြိုးစားအားထုတ်ခဲ့ကြသော၊ လောင်စာဆီတစ်စက်လောက်ကိုတောင်မျှ အလဟဿမဖြစ်စေလိုသော အင်ဂျင်နီယာများကို Yanmar မှ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။ ၎င်းတို့ဖန်တီးထားသည့်အင်ဂျင်သည် ကမ္ဘာပေါ်တွင် CARB (ကယ်လီဖိုးနီးယား လေအရင်းအမြစ် ဘုတ်အဖွဲ့) အိတ်ဇောဓာတ်ငွေ့စည်းမျဥ်း (Tier 4) အသိအမှတ်ပြုခြင်းကိုသာမက EPA Tier 4 အသိအမှတ်ပြုခြင်းကိုပါ ပထမဦးဆုံး ရရှိအောင်မြင်ခဲ့ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ သုံးစွဲသူများထံမှ ချီးမွမ်းအားပေးမှုများ ရရှိရန် ဆက်လက်ကြိုးစားသွားပါမည်။

  • ဤအင်ဂျင်သည် ၂၀၁၂ ခုနှစ်၊ မေလတွင် 19-56kW အထွက် ရှိသည့် အင်ဂျင်အတန်းအစား၌ CARB 4 အသိအမှတ်ပြုမှုကို လက်ခံရရှိသည့် ကမ္ဘာ့ပထမဆုံး အင်ဂျင်ဖြစ်ခဲ့ပါသည်။