• ကာဗွန်လုံးဝမထုတ်လွှတ်သည့် အဆောက်အဦ CO2 လုံးဝမထုတ်လွှတ်သည့် ရုံးချုပ် အဆောက်အဦ ရည်မှန်းချက်။ အနာဂတ် အသွင်သစ်။

SELF ELECTRIC POWER GENERATION RATE

0.00%

CO2 REDUCTION RATE

0.00%

  • *ဤအတိုင်းအတာများအား YANMAR FLYING-Y BUILDING တွင် လက်တွေ့တိုင်းတာခဲ့ပါသည်။

ဆိုလာပါဝါထုတ်လွှတ်မှု၊ အပူနှင့် စွမ်းအင်ပေါင်းစပ်မှု။ ကမ္ဘာ့ထိပ်တန်း ပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာ။

နှစ် (၁၀၀) ကျော် အတွေ့အကြုံနှင့်အတူ လာမည့် နှစ်ပေါင်း (၁၀၀) ကျော်ဆီသို့ ကျွန်ုပ်တို့ ရည်မှန်းထားပါသည်။ Yanmar မှ ၎င်းတို့၏ ရုံးချုပ်အသစ်ဖြစ်သော YANMAR FLYING-Y BUILDING အား Yanmar စတင်တည်ထောင်ရာနေရာဖြစ်သည့် Chayamachi, Kita-ku, Osaka ၌ပင် တည်ဆောက်ခဲ့သည်။ ရုံးချုပ်အဆောက်အဦအသစ်တွင် CO2 ထုတ်လွှတ်မှုများအား လျှော့ချရန်နှင့် အကျိုးရှိရှိအသုံးချရန် အခြားကြိုးစားအားထုတ်မှု၊ ဆိုလာအပူစုဆောင်းမှုနှင့် ဓာတ်ငွေ့အပူပန့်ပ်လေအေးပေးခြင်းများ အပါအဝင် ကာဗွန်လုံးဝမထုတ်လွှတ်သည့် အဆောက်အဦဖန်တီးရန်ဆိုသည့် ပန်းတိုင်အား ဦးတည်ထားသည့် အင်္ဂါရပ်များ ပါဝင်ပါသည်။

ဤအဆောက်အဦနှင့်အတူ၊ Yanmar အနေဖြင့် အနာဂတ်အား ကိုယ်စားပြုသည့် အယူအဆမော်ဒယ်တစ်ခုဖန်တီးပြီး ဂလိုဘယ်ပတ်ဝန်းကျင်ဆိုင်ရာနည်းပညာတွင် နောက်ဆုံးပေါ်နည်းပညာအား အတူတကွ ယူဆောင်လာခဲ့သည်။ ကမ္ဘာမြေကြီးနှင့်သဟဇာတဖြစ်စွာ နေထိုင်ရန်နှင့် ပိုမိုကြွယ်ဝသည့် ဘဝနေထိုင်မှုဖြစ်စေရန် Yanmar ၏ ရည်ရွယ်ချက်ဖြင့် အဆောက်အဦအား ပုံဖော်ထားသည်။

၅၂ မီတာရှည်သည့် အပင်စိုက်ထားသည့်နံရံ ဒေသတွင်းဂေဟစနစ်အား စဥ်းစားကြည့်ခြင်း

YANMAR FLYING-Y BUILDING ၏ တောင်ဘက်မျက်နှာမူထားသည့်နံရံပေါ်တွင်၊ ၁၂၃၀ စတုရန်းမီတာဖုံးထားသည့် ၅၂ မီတာအမြင့်၊ ၂၃.၇ မီတာအကျယ် ဒေါင်လိုက်အပင်စိုက်ထားသည့်နေရာလွတ်အား ကျွန်ုပ်တို့ဖန်တီးတည်ဆောက်ထားသည်။ ၎င်းမှ လေထုညစ်ညမ်းစေသည့်အရာများအား ပြန်လည်စုပ်ယူခြင်းတွင် ပံ့ပိုးပေးပြီး ကျွန်ုပ်တို့၏သုံးစွဲသူများအတွက် သာယာအဆင်ပြေမှုမြှင့်တင်ရန်နှင့် ဒေသဆိုင်ရာပတ်ဝန်းကျင် နာလန်ထူလာြခင်းတွင် ကူညီပေးပါသည်။ စိမ်းလန်းသောသစ်ပင်ချုံများကို ထိန်းသိမ်းရန်အလို့ငှာ၊ အနည်းဆုံးလိုအပ်သည့် မြေကြီး ပမာဏနှင့် အတူ ပြတင်းကာကိရိယာအတွင်း ယှက်ဖွဲ့ထားခြင်းမရှိသည့် အစိမ်းရောင်အပင်ငယ် ယူနစ်များအား ကျွန်ုပ်တို့အကောင်အထည်ဖော် ဆောင်ရွက်ပြီး တစ်စက်စက်ကျသည့်ပိုက်တစ်ခုကနေ အလိုအလျောက် ရေပေးဝေစနစ်အား ဖြည့်သွင်းပေးသည်။

ထို့အပြင်၊ ၂၀၁၁ ခုနှစ်၊ မတ်လကတည်းက အမိုးပေါ်တွင်တပ်ဆင်ထားသော ပျားအုံများဖြင့် "NPO Umeda Bees ပရောဂျက်" အား ကျွန်ုပ်တို့ပံ့ပိုးပေးလျက်ရှိသည်။ အဆိုပါပျားအုံများအား အမိုးပေါ်ရှိ ဥယျာဥ်များတွင် မွေးမြူလေ့ရှိသည်။ အပင်စိုက်ထားသည့်-နံရံ ပရောဂျက်၏ ၄၀% ခန့်အတွက် ဒေသတွင်း ပန်းပွင့်သည့်အပင်များကိုအသုံးပြုပြီး ပျားများဝတ်ရည်စုဆောင်းခြင်းကို ကျွန်ုပ်တို့ပံ့ပိုးပေးသည်။ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်းကို ကျွန်ုပ်တို့မြှင့်တင်ပေးသည်။

ရုံးချုပ်အဆောက်အဦအသစ်တွင် ပါဝင်သည့် အင်္ဂါရပ်များနှင့် အဓိကနည်းပညာများ

ရုံးခန်း လေအေးပေးခြင်းနှင့် ရေပူစနစ်များအတွက် ဂတ်စ် အပူနှင့် စွမ်းအင်ပေါင်းစပ်မှုစနစ်အား အသုံးပြုသည်။ အချိန်တိုတိုနှင့် လောင်ကျွမ်းမှုမြင့်မားပြီး လောင်စာဆီစားနှုန်းသက်သာသည့် စွမ်းအင်ထိန်းသိမ်းထားခြင်းကို ရရှိစေသည်။

လေအေးပေးစနစ်သည် ဂတ်စ်အပူပန့်ပ်လေအေးပေးစက် (GHP) အား အသုံးပြုသည်။ ၎င်းမှ သက်တောင့်သက်သာရှိသည့် အခန်းတွင်းပတ်ဝန်းကျင်အား ဖန်တီးပေးသည်။

မြို့ကြီးထဲက အဆောက်အဦကြီးတစ်ခုဖြစ်တာကို ကောင်းကောင်းအသုံးချပြီး၊ တောင်ဘက်မျက်နှာမူသည့်နံရံများ၏ အပေါ်ဘက်တွင် ဆိုလာပြားများ တပ်ဆင်ထားပါသည်။

တောင်ဘက်မျက်နှာမူသည့်နံရံ၏ အောက်ဘက်ခြမ်းပေါ်တွင် စတုရန်းပုံရှိနေသည့် ၁၂၃၀ မီတာခန့် ရှည်လျားသော ဒေါင်လိုက်ဥယျာဥ်ပန်းခြံကိုလည်း တပ်ဆင်ထားသည်။ ဤဥယျာဥ်မှ လေထုညစ်ညမ်းစေသည့်အရာများအား ပြန်လည်စုပ်ယူခြင်းတွင် ပံ့ပိုးပေးပြီး ကျွန်ုပ်တို့ဖောက်သည်များအတွက် သာယာအဆင်ပြေမှုမြှင့်တင်ရန်နှင့် ဒေသဆိုင်ရာပတ်ဝန်းကျင် နာလန်ထူလာြခင်းတွင် ကူညီပေးပါသည်။

စက်ကိရိယာ အစိတ်အပိုင်းခန်းမှလွဲပြီး အတွင်းမီးအားလုံးအတွက် LED မီးများ ကျွန်တော်တို့အသုံးပြုပါသည်။ ဝန်းကျင်အလင်းအားကို အလိုအလျောက် ထိန်းချုပ်ပေးသည့် သဘာဝမီး၏ အလင်းအားကို တိုင်းတာရန် အာရုံခံကိရိယာများလည်း တပ်ဆင်ထားပါသည်။

သဘာဝလေဝင်/ထွက် စနစ်နှင့် ပြတင်းပေါက်ပတ်လည်တွင် တပ်ဆင်သည့် ပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် လိုက်ကာများမှလည်း သဘာဝအလင်းရောင်နှင့် လေတို့ ရရှိစေပါသည်။

NPO Umeda Bees ပရောဂျက်အား ပံ့ပိုးရန် ရုံးချုပ်အဆောက်အဦအသစ်မှ ပျာအုံးများချိတ်တွဲရန်အတွက် အမိုးအသစ်ပေါ်ရှိ ဥယျာဥ်တွင် နေရာလွတ်အား ဖန်တီးပေးသည်။ အမိုးပေါ်ရှိ ဥယျာဥ်ခြံနှင့် ဇီဝမျိုးကွဲမှု ပရောဂျက်များမှတစ်ဆင့် ပိုမိုကောင်းမွန်သည့် ဒေသတွင်း အသိုင်းအဝိုင်းများဖြစ်လာရန် ကျွန်ုပ်တို့ လုပ်ဆောင်လျက်ရှိသည်။

  • *

    ကျွန်ုပ်တို့၏ အဆောက်အဦအသစ်သည် “CASBEE Osaka Mirai” မှ သတ်မှတ်ပေးသည့် ပတ်ဝန်းကျင်ဆိုင်ရာ စွမ်းဆောင်မှု အဆင့်သတ်မှတ်ချက် အမြင့်ဆုံးဖြစ်သည့် S အဆင့် သတ်မှတ်ခံထားရပါသည်။