ကိုယ်ရေး မူဝါဒ

ယန်းမာ ကုမ္ပဏီ နှင်ယန်းမာ အုပ်စုအဖွဲ့ ကုမ္ပဏီအားလုံး မှ ထိန်းချုပ်လုပ်ဆောင်နေသော နေရာတစ်ခုဖြစ်သည် (ယန်းမာ နှင့်သက်ဆိုင်သော အဖွဲ့ဝင်အားလုံးကို ရည်ညွန်းသည်)။ ယန်းမာ သည် ယခုနေရာတွင်တွေ့မြင်ရသည့် ကုမ္ပဏီ၏ ဖော်ပြချက်များတွင် ပါဝင်သော ကုမ္ပဏီအားလုံးဖြင့် ဖွဲ့စည်းထားပါသည်။ ဝယ်ယူအားပေးသောသူများ၏ ကိုယ်ရေးအချက်လက်များကို ကာကွယ်ဖို့ရန်အတွက် ယန်းမာနှင့်သက်ဆိုင်နေပြီး ဝယ်ယူအားပေးသူများကိုလည်း ယန်းမာ၏ ကိုယ်ပိုင်မူဝါဒ များကိုလည်း သိစေလိုခြင်းဖြစ်ပါသည်။ ဝယ်ယူအားပေးသူများ၏ ကိုယ်ရေးသတင်းချက်လက်များ လုံခြုံစိတ်ချစွာ ကာကွယ်နိုင်ရေးနှင့် ဂျပန်၏ ထိန်းချုပ်မှုစည်းမျဉ်းများအပေါ် လိုက်နာဆောင်ရွက်ခြင်းပေါ်တွင် အကြံပြုပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ မိမိ၏ ကိုယ်ရေးအချက်လက်များ အပေးမီ ယန်းမာ၏ စည်းမျဉ်းများကို ဖတ်ရှုပြီးနားလည်သဘောပေါက်စေချင်ပါသည်။ ကိုယ်ရေးအချက်လက်များ ထုတ်ဖော်ပြဆိုနေခြင်းသည် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို လက်ခံအသုံးပြုနေခြင်းဖြစ်သည်ဟု ယူဆပါမည်။

1) ကိုယ်ရေးအချက်လက်များ စုဆောင်းခြင်း

ကိုယ်ရေးအချက်လက်များ ဆိုသည်မှာ ဝယ်ယူအားပေးသည့်မိတ်ဆွေများ၏ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေး လိပ်စာ တို့နှင့် အခြားအသိမှတ်ပြုနိုင်မည့် အချက်လက်များကို ဆိုလိုခြင်းဖြစ်ပါသည်။ ယန်းမာ အသုံးပြုသူများ စာရင်းပေးသွင်းထားရခြင်း ရည်ရွယ်ချက်တို့နှင့်ပတ်သက်ပြီး သိရှိလိုသည်များ၊ မိမိလိုချင်သည့် ကြိုတင်မှာယူမှုများအပေါ်လက်ခံထားရှိမှုအခြေအနေများ၊ သိရှိလိုသည်များ စုံစမ်းမေးမြန်းသည့် အပေါ် ပြန်လည်တုံ့ပြန်သည့်အခြေကနေများ၊ မိမိတို့အား အထူးအခွင့်ရေးပေး ကမ်းလှမ်းမှုတို့ အခြေအနေများ၊ အရောင်းမြင့်တင်ရေး အစီစဉ်များ ခွဲခြားသိရှိနိုင်ခြင်း နှင့် အခြား ယန်းမာ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအပေါ် တိုက်ရိုက်ဆက်သွယ်နေသည့်အကြောင်း အရာတို့ ပတ်သက်ပြီး ဝယ်ယူသူများ၏ ကိုယ်ရေးအချက်လက်အချို့အား တစ်ခါတရံ ထပ်တိုးကောက်ခံနိုင်ပါသည်။

2) လေ့လာထားသည့် မှတ်တမ်းများကို ဖြန့်ဝေပေးခြင်း

ဝယ်ယူအားပေးသူများ၏ လေ့လာ စုံစမ်းမှုများကို ဝက်ဆိုဒ် ၏ ထောင့်တစ်နေရာတွင် လက်ခံထားရှိထားပါသည်။ လေ့လာထားသည့်မှတ်တမ်းများကိုလည်း တောင်းဆိုသည့် ဝယ်ယူသူများထံသို့သာလျှင် ပို့ဆောင်ပေးသွားပါလိမ့်မည်။

3) အခြားအသုံးပြုမှုများ

တစ်ဦးတစ်ယောက်ချင်း၏ လေ့လာမှု သို့မဟုတ် တောင်းဆိုမှုများကို ပြန်လည် အကြောင်းပြန်နိုင်စေရန် အသုံးပြုသူတစ်ယောက်ချင်းစီမှ ယန်းမာ အုပ်စု ကုမ္ပဏီများအားလုံးသို့ မိမိတို့၏ ကိုယ်ရေးအချက်များကိုလည်း အများသိစေရန် ဖြန့်ဝေပေးဖိုု့ နားလည်းသဘောတူသင့်သည်။ ကုန်ပစ္စည်းများ သို့မဟုတ် မှတ်တမ်းများ ပို့ဆောင်ရေးပိုင်းတွင် လွယ်ကူစေရန် ဖြန့်ဝေပေးသည့် ကုမ္ပဏီများကိုလည်း ကိုယ်ရေးအချက်လက်များ ပြောဆိုထားရပါလိမ့်မည်။ ဤကိစ္စရပ်များတွင် တစ်ယောက်ချင်းစီမှ ကိုယ်ရေးအချက်လက်များ ပြောပြထားဖို့လိုအပ်သလို ယန်းမာဘက်မှလည်း ထိုကုမ္ပဏီများကို အခြားမည်သို့သော ရည်ရွယ်ချက်များဖြင့် ဝယ်ယူသူများ၏ ကိုယ်ရေးအချက်လက်များကို အသုံးမပြုရန် တားမြစ်ထားခြင်းများကို တင်သွင်းထားရမည်။

4) လုံခြုံရေးစနှစ်

အကောင်းဆုံးပေးနိုင်စွမ်းရှိသည့် ဝန်ဆောင်မှုများကို အသုံးပြုသူများအား ပေးနိုင်စေရန်အတွက် စာရင်းသွင်းထားရှိသည့်နေရာဖြစ်ပါသည်။ဤအရေးကြီးသည့်သတင်းများကို ခွင့်ပြုခြင်းမရှိပဲ ဝင်ရောက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် ထုတ်ဖော်ပြောဆိုးခြင်း တို့ကို ကာကွယ်နိုင်စေရန် ကွန်ပျူတာ စနှစ်အသုံးပြုထားပြီး လျှိုဝှက်စာများဖြင့် ကာကွယ်ထားပါသည်။ အရေးကြီးသတင်းအချက်လက်များ၏ လုံခြုံရေးစနှစ်အား အသုံးပြုမှုကျွမ်းကျင်စေရန် ယန်းမာမှ သင်တန်းပေးပါသည်။

5) ကြည့်ရှုမှုမှတ်တမ်း

ကျယ်ကျယ်ပြန့်ပြန့် စာရင်းဇယားများ အသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာနိုင်စေရန် ကြည့်ရှု့မှတ်တမ်းကို အသုံးပြုထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် စာမျက်နာတစ်မျက်နာတွင် စာဖတ်သူ အရေတွက်များ သို့မဟုတ် စာတစ်မျက်နာအတွက် အချိန်ပေးဖတ်သည့် အချိန်ပမာဏ စသည်ဖြင့် အချက်လက်များကို ဖွဲ့စည်းထားသည်။ ဒါပေမဲ့ ထိုကဲ့သို့သော သတင်းအချက်လက်များကို တစ်ဦးချင်း သို့မဟုတ် တစ်ယောက်ချင်းစီ၏ အသုံးပြုမှုများကို အတိအကျ သတ်မှတ်ပေးထားသော နည်းလမ်းများဖြင့် မစုဆောင်းကြသေးပါ။

6) စကားပြောဆိုဆွေးနွေးခြင်း ဆိုင်ရာ စီမံခန့်ခွဲခြင်း

စကားပြောဆိုဆွေးနွေးခြင်းအတွက် အခန်းတစ်ခန်းကို ဤနေရာမှာ ထားရှိပါမည်။ ယန်းမာမှ စီမံခန့်ခွဲမှုပိုင်း တာဝန်ယူထားသော်လည်း စကားပြောဆိုဆွေးနွေးခြင်းပိုင်းမှ မှတ်တမ်းယူထားသော အကြောင်းအရာ အားလုံးကို အများပြည်သူတွေပါ လေ့လာမည့် သတင်းအချက်လက်များအနေဖြင့် ထားရှိထားပါမည်။ ဒါကြောင့် စကားပြောခန်းအသုံးပြုနေချိန်များတွင် ကိုယ်ရေးသတင်းအချက်လက်များကို ကာကွယ်ဖို့ရန် လိုအပ်သော သိမှတ်စရာများကို သေချာဂရုတစိုက်မှတ်သားလုပ်ဆောင်ပေးကြပါ။

7) ချိတ်ဆက်နေရာများ

ကိုယ်ရေး သတင်းအချက်လက်များကို အခြားချိတ်ဆက်မှုနေရာများသို့ မျှဝေမပေးပါ။ ထိုသို့ ချိတ်ဆက်ထားသော နေရာများဖြင့် ကိုယ်ရေး သတင်းအချက်များကို ထုတ်ဖော်ပြခြင်း သို့မဟုတ် သိမ်းဆီးခြင်းစုဆောင်းခြင်းတို့ ရှိပါက ယန်းမာ မှ တာဝန်ယူဖြေရှင်းမည်မဟုတ်ပါ။ ကိုယ်ပိုင်သတင်းအချက်လက်များကို ကာကွယ်ထိန်းသိမ်းထားစေရန် ယန်းမာ၏ စည်းမျဉ်းစည်းကမ်းများကို နေရာတစ်ခုချင်းစီအလိုက် သေချာလေ့လာစမ်းစစ်စေလိုပါသည်။

8) တာဝန်ယူမှု

စည်းမျဉ်းစည်းကမ်းများအရ ပါဝင်ပတ်သက်နေသောသူ၏ ခွင့်ပြုချက်မရရှိပဲ ကိုယ်ရေးသတင်းအချက်လက်များကို အခြားအဖွဲ့စည်းတစ်ခုသို့ ထောက်ပံ့ပေးအပ်ခြင်းမပြုရ။ ကိုယ်ရေးသတင်းအချက်လက်များကို ရုံးတော်မှ ဆင့်ခေါ်စာများ၊ ရဲအမိန့်စာများ၊ စားသုံးသူ ကာကွယ်ရေး အဖွဲ့များ၏ ခွင့်ပြုမိန့်များ၊ အခြား တရားဝင် တောင်းဆိုမှုများ သို့မဟုတ် တရားရုံးအမိန့်များ အောက်တွင်သာ ထုတ်ဖော်ပြောဆိုခွင့်ရှိပါသည်။

9) ကိုယ်ရေးသတင်းအချက်လက်များအား ပြင်ဆင်ခြင်း နှင့် ဖယ်ရှားခြင်း

တစ်ဦးတစ်ယောက်ချင်း၏ ဆန္ဒအရ ကိုယ်ရေး သတင်း အချက်လက်များ အသစ်ဖြည့်သွင်းခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖယ်ရှားခြင်း တို့ ပြုလုပ်လိုသောအခါ ထိုတစ်ဦးတစ်ယောက်ခြင်းစီမှ တောင်းဆိုခြင်းပေါ်တွင် တုံ့ပြန်သောအနေဖြင့် လုပ်ဆောင်ပေးဖို့ သဘောတူပါမည်။

10) မူဝါဒများ မွန်းမံခြင်း

အသုံးပြုသူများသည် ကိုယ်ရေးသတင်းအချက်လက်များအသုံးပြုနေမှုများ နှင့် လက်ရှိစုစည်းထားသော မူဝါဒများကို အစဉ်အမြဲ ခေတ်မီစွာ သိရှိနိုင်စေရန်အတွက် ပြောင်းလဲထားသော မူဝါဒများအား ဤနေရာများတွင် ဖော်ပြပေးရလိမ့်မည်။ အခြေခံမူဝါဒပေါ်တွင် ကိုးကားပါ။

11) အမြင်များ၊ ပြဿနာများ နှင့် သိမြင်မှုများ

ကိုယ်ရေးမူဝါဒ များကို ချိုးဖောက်နေသည်ဟု ယုံကြည်လျှင် စုံစမ်းရေး နေရာမှာ ဆက်သွယ်ပေးပါ။ ဖြစ်ပေါ်နေသော ပြဿနားများကို စီစစ်ပြီး အီးမေး ဖြင့်ပြန်လည်အကြောင်းပြန်ပေးပါလိမ့်မည်။ သင့်တော်သောလုပ်ဆောင်မှုများနှင့်လိုအပ်သလို ကုစားပေးနိုင်ဖို့လည်း ကြိုးစားဆောင်ရွက်ပါလိမ့်မည်။