အမျိုးအစား ကြံစိုက်စက်
အလေးချိန် 550 - 1000 kg

သီးနှံများ

  • ကြံ

တပ်ဆင်နိုင်သောထွန်စက်
Y2380SPK / Y2395SPK for EF725T

အချက်အလက်များ

ပိုမိုမြင့်မားသောအထွက်နှုန်းနှင့် အလုပ်သမားလိုအပ်ချက်လျော့ချဖို့အတွက် အသစ်တီထွင်လိုက်သော နည်းပညာအဖြေ

အပင်နက်နက်စိုက်ပျိုးခြင်းသည် မျိုးစေ့ရေသောက်အားပိုမိုကောင်းစေသည်
အပင်နက်နက်စိုက်ပျိုးခြင်းဖြင့် အမြစ်ပိုမိုကောင်းမွန်စေပြီး အထွက်နှုန်းပိုကောင်းစေသည်
အပင်နက်နက်စိုက်ပျိုးခြင်းသည် နှစ်ဆင့်ရိတ်သိမ်းခြင်းအတွက်အကောင်းဆုံးနည်းပညာဖြစ်သည်


လုပ်သားလိုအပ်ချက်နှင့် အချိန်ကုန်သက်သာစေသည်

ရှည်လျားသောပင်စည်ကို အပင်ဖြတ်စက်ထဲသို့ထည့်ပါ


ပင်စည်ကို ၃၅ စင်တီမီတာ နီးပါဖြတ်တောက်သည်


ကြီးမားကျယ်ပြန့်သောကွင်းပြင်ထဲတွင်အပင်စိုက်ခြင်းနှင့်အတူမြေဆီတစ်ပြိုင်နက်ထည့်သွင်းခြင်းကြောင့်အပင်စောလျှင်စွာကြီးပြီးကောင်းမွန်သောအထွက်နှုန်းကိုရရှိစေပါတယ်


အမျိုးမျိုးသောမြေများအတွက်သင့်တော်ခြင်း

အပင်စိုက်သည့်အနက်ကို မြေမျက်နှာပြင်အလိုက်အမျိုးမျိုး ချိန်ညှိနိုင်ပါသည်
အဆင့်၃ဆင့် – ၂၀ ၊ ၂၅ ၊ ၃၀ စင်တီမီတာ (မြင်းကောင်ရေ ၇၀ – ၉၀)
အဆင့်၅ဆင့် – ၂၀ – ၃၃ စင်တီမီတာ (မြင်းကောင်ရေ ၈၀ – ၁၁၀)


နှစ်ဆင့်ရိတ်သိမ်းခြင်းအတွက်နောက်ဆုံးနည်းပညာ

၃၀ စင်တီမီတာ အနက်စိုက်ပျိုးခြင်းဖြင့် အကောင်းဆုံးအထွက်နှုန်းကိုရရှိစေပါသည်



မိုးရေများကိုကောင်းမွန်စွာသိုလှောင်နိုင်ရန် မြေအောက်ရေသိုလှောင်ရန်လည်းလုပ်ဆောင်ထားသည်



အလွယ်တစ်ကူအသုံးပြုနိုင်ခြင်းနှင့် ရေရှည်အသုံးခံခြင်း

မြေဖိသိပ် ဒလိမ့်တုံး
မြေဖိသိပ် ဒလိမ့်တုံးဖိအားကို စပရိန်ဖြင့် ချိန်ညှိနိုင်သည်


အပိုင်းဖြတ်စက်
အရည်အသွေးကောင်းမွန်သည့် ဓားသွားများကြောင့် အကြမ်းခံရေရှည်အသုံးပြုနိုင်ပါသည်


မြေဆီသိုလှောင်နေရာ

  • မြေဆီသိုလှောင်နေရာကို အရည်အသွေးကောင်းမွန်သည့် သံဖြင့်ပြုလုပ်ထားသည်
  • မြေဆီကို အပင်ခြေရင်းသို့ တိုက်ရိုက်လိုအပ်သလို ထည့်သွင်းရသည့်အတွက် အပင်ကြီးထွားမှုနှုန်းကောင်းပြီး မြေဆီအပိုကုန်ကျ မှုမရှိပါ

အချက်အလက်များ

အမျိုးအမည် Y2380SPK Y2395SPK
တန်းအရေအတွက် နှစ်ထပ် နှစ်ထပ်
တန်းကြားအကွာအဝေး(လက်မ) 200 - 250 250 - 300
စိုက်ပျိုးနိုင်သည့်အနက်(လက်မ) 200, 250, 300 200 - 330 / 5step
မြေဆီထည့် တိုင်ကီ ပစ္စည်း အရည်အသွေး ကောင်းမွန်သောသံ အရည်အသွေး ကောင်းမွန်သောသံ
ပမာဏ 50 50
ကြံတင်ဆောင်နိုင်သောပမာဏ(ကီလိုဂရမ်) 550 - 600 800 - 1,000
လုပ်နိုင်သည့် အမြန်နှုန်း (ကီလိုမီတာ/နာရီ) 3.0 - 3.5 3.0 - 3.5
ချိတ်ဆက်မှု အဆင့် SAE #2 SAE #2
မြင်းကောင်ရေ 70 - 90 80 - 110

* မှတ်ချက်-ဖော်ပြပါနည်းပညာ အချက်အလက်၊ အတိုင်းအတာများ နှင့် အလေးချိန်တို့သည် အနီးစပ်ဆုံး ဖြစ်သည်။ (ယန်းမာမှ အသိပေးမှု မရှိဘဲ ပြောင်းလဲ ပြင်ဆင်နိုင်ခွင့်ရှိသည်။)
* လယ်ယာမြေ အနေ အထားပေါ် မူတည်ပြီး စက်၏စွမ်းဆောင်ရည်ပြောင်းလဲမှုရှိနိုင်သည်

ဗီဒီယို