ဥက္ကဌထံမှ အမှာစကား

Yanmar ၏ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်မှာ ၂၀၁၂ ခုနှစ်တွင် ကျရောက်ခဲ့သည့်အတွက် မျှော်မှန်းချက်အသစ်အား ချမှတ်ရန်အခွင့်ရေးကို အရယူနိုင်ခဲ့ပါသည်။

ဤသည်မှာ ကျွန်ုပ်တို့၏ မျှော်မှန်းချက်ပန်းတိုင် ဖြစ်ပါသည်။
နောင်နှစ်ပေါင်း ၁၀၀ တိုင်အောင် ရေရှည်တည်တံ့ခိုင်မြဲပြီး ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများကို အခြေပြုသည့် လူ့အဖွဲ့အစည်းကိုဖန်တီးရန်မှာ ကျွန်ုပ်တို့၏ရည်မှန်းချက်ဖြစ်ပါသည်။
ဤမျှော်မှန်းချက်များဖြင့် တည်ဆောက်ထားသည့် ကျွန်ုပ်တို့၏ရုံးချုပ်အသစ်အား မကြာသေးမီကမှ တည်ဆောက်ပြီးစီးခဲ့သည်။ ၎င်းအဆောက်အဦးကို "YANMAR FLYING-Y BUILDING" ဟု အမည်တပ်ထားပါသည်။

အဆောက်အဦးဒီဇိုင်းအား သင်္ဘော၏ဦးပိုင်းသဏ္ဍာန်ဆောက်လုပ်ထားပါသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ခရီးစဥ်အသစ်စတင်ကာ နောက်ထပ် အနှစ် ၁၀၀ တိုင်ရွက်လွှင့်သွားတော့မည့် Yanmar ၏ သင်္ကေတဖြစ်ရုံသာမက ကမ္ဘာကြီးအား တီထွင်ဆန်းသစ်ခြင်းနှင့် စူးစမ်းရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လိုသော စိတ်ဆန္ဒအတွက် သင်္ကေတလည်း ဖြစ်ပါသည်။ Yanmar Group ၏ နည်းပညာများအားလုံးကို အတူတကွ ယူဆောင်လာခြင်းအပြင် ယင်းသည် ကမ္ဘာ့အဆင့် ပတ်ဝန်းကျင်ဆိုင်ရာစွမ်းဆောင်ချက်၏ သာဓကပင်ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် ၎င်းကို အဆောက်အဦးသက်သက်ဟု တွေးထားခြင်းမရှိဘဲ နောင်အနာဂတ် ဖြေရှင်းချက်များအတွက် ကမ္ဘာလုံးဆိုင်ရာအခြေစိုက်နေရာဖြစ်လာစေလိုသည့် Yanmar ရှိ ကျွန်ုပ်တို့၏မျှော်မှန်းချက်ပြယုဂ်အဖြစ် တွေးထားပါသည်။

ကျွန်ုပ်တို့၏ ပထမဆုံးခြေလှမ်းအနေဖြင့် ကနဦးစတင်မှုအသစ်အား ကြေညာခဲ့သည် - “YF2112” "YF2112" တို့မှာ နောက်လာမည့်ရာစုနှစ်တွင် ပံ့ပိုးပေးသွားမည့် နည်းပညာများကိုဖန်တီးမည့် ကျွန်ုပ်တို့၏ ကတိဝန်ခံချက်ပင်ဖြစ်ပါသည်။

ကျွန်ုပ်တို့အနေဖြင့် နောင်လာမည့် နှစ်ပေါင်း ၁၀၀ တိုင်အောင် မျှော်မှန်းထားပါသည်။ Yanmar သည် ပြန်လည်အသုံးပြုနိုင်သည့်ပစ္စည်းများကို အခြေပြုသည့် လူ့အဖွဲ့အစည်း အမှန်တကယ်ဖြစ်လာစေခြင်းကို ရှေးရှု့ကာ ဦးတည်လျှောက်လှမ်းနေပါသည်။ ဤနယ်ပယ်တွင် တီထွင်ဆန်းသစ်မှုများဆက်လက်ပြုလုပ်ရန် ကြိုးစားအားထုတ်သွားမည်ဖြစ်ပါသည်။

Yanmar Holdings Co., Ltd. ကိုယ်စားပြုဒါရိုက်တာနှင့် ဥက္ကဌ၊

Takehito Yamaoka