သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ် အာဆီယံ ဘောလုံးချန်ပီယံပြိုင်ပွဲနှင့် ပူးပေါင်းဆောင်ရွက်ရန် YANMAR က သဘောတူညီမှုရရှိခြင်း

နှစ် ၊ လ ၊ နေ့
Yanmar Co., Ltd.

အိုဆာကာ၊ ဂျပန် (မေလ 15၊ ၂၀၁၈)- ကမ႓ာလုံးဆိုင်ရာ စက်မှုလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့် YANMAR ကုမ္ပဏီသည် အရှေ့တောင်အာရှ၏ အကြီးမားဆုံး ဘောလုံးပြိုင်ပွဲနှင့် ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအထိ အာဆီယံနိုင်ငံ ၁၀ နိုင်ငံတွင် နောက်တစ်ကြိမ် စိတ်လှုပ်ရှားဖွယ် ကျင်းပမည့် AFF Suzuki Cup အား စပွန်ဆာပေးခြင်းကို ဆက်လက်သက်တမ်းတိုးရန် သဘောတူညီပြီးဖြစ်ကြောင်း ယနေ့တွင် ကြေညာလိုက်ပါသည်။
YANMAR သည် ၂၀၁၈ ခုနှစ် AFF Suzuki Cup ၏ တရားဝင် စပွန်ဆာကုမ္ပဏီအဖြစ် ဤဒေသတစ်ခုလုံးရှိ ဘောလုံးဝါသနာရှင် သန်းပေါင်းများစွာနှင့် သိသာလှစွာသော အမှတ်တံဆိပ် ဖော်ပြထိတွေ့မှု၊ ချိတ်ဆက်သိရှိမှု အခွင့်အလမ်းများ အကျိုးအမြတ် ရရှိရန်ရည်မှန်းထားပါသည်။
သဘောတူညီမှုများထဲတွင် AFF Suzuki Cup ပြိုင်ပွဲကို YANMAR ၏ မားကတ်တင်း ပလက်ဖောင်းများတွင် အမှတ်အသားပြု ဖော်ပြခြင်း၊ တရားဝင် ကစားပွဲ ပုံနှိပ်ဖော်ပြရာတွင် YANMAR အမှတ်တံဆိပ်ကို ဝင့်ကြွားစွာ ဖော်ပြခြင်း၊ ကစားပွဲ ၂၈ ပွဲစလုံး၏ ဘောလုံးကွင်းတိုင်းရှိ ကွင်းဘေးမှ အထူးသီးသန့် နေရာများတွင် နေရာယူခြင်းတို့ ပါဝင်ပါသည်။
အာဆီယံ ဘောလုံး ချန်ပီယံပြိုင်ပွဲကို ဤဒေသရှိ နိုင်ငံများမှ လက်ရွေးစင် အဆင့် အသင်းများ ပါဝင်ယှဉ်ပြိုင်ပြီး နှစ်နှစ်တစ်ကြိမ် ကျင်းပကာ အရှေ့တောင်အာရှတွင် လူကြည့်အများဆုံး အားကစားပွဲများထဲ၌ ပါဝင်ရာ ပြိုင်ဘက်ကင်းသော ရုပ်သံ အဆင့်သတ်မှတ်ချက်များ၊ လက်မှတ်နေရာ မရှိတော့သော ကစားကွင်းများအထိ အောင်မြင်ကြောင်း ဝင့်ကြွားထားပါသည်။
ယခုနှစ်တွင် ပရိသတ်များသည် ကစားသမားများအား သူတို့၏ နေရပ်နိုင်ငံတွင် ပိုမို ထိတွေ့ခွင့်ပေးထားသည့် ပြိုင်ပွဲပုံစံ အသစ်ပြုလုပ်ထားသည့်အတွက် ကစားသမားများက ပရိသတ်များနှင့် ပိုမိုထိတွေ့ရမည်ကို ပရိသတ်များ စောင့်စား ကြည့်ရှုနိုင်ပါသည်။
ပါဝင်ယှဉ်ပြိုင်မည့် အသင်းများသည် အုပ်စုပွဲများကို အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရသည့်အတွက် ပရိသတ်များက သူတို့၏ နိုင်ငံလက်ရွေးစင်အသင်းကို မိမိနိုင်ငံမြေပေါ်တွင် အားပေးခွင့် ပိုပိုရရှိကြပါမည်။

"ရေရှည်တည်တံ့တဲ့ အနာဂတ်ဆိုတာ YANMAR ရဲ့ ရည်မှန်းချက် ဖြစ်သလို ၂၀၁၈ ခုနှစ် AFF Suzuki Cup နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်နဲ့ ကတိကဝတ်ပြု ကြိုးပမ်းချက်ကို ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေ၊ စိတ်လှုပ်ရှားဖွယ် အားကစားပွဲတွေက တစ်ဆင့် အာဆီယံ ဒေသက ဖောက်သည်တွေကို ဖော်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု YANMAR Co., Ltd. မှ အမှတ်တံဆိပ် ဆက်သွယ်ရေး ဌာနခွဲမန်နေဂျာ Hiromi Kubota က ပြောပါသည်။
၂၀၁၈ ခုနှစ် AFF Suzuki Cup သည် ဘောလုံးအားကစားမှတစ်ဆင့် စိတ်လှုပ်ရှားဖွယ်ကောင်းသောဘဝကို ပေးစွမ်းနိုင်မည့် လူမှုအသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေးအတွက် YANMAR ၏ အားစိုက်ကြိုးပမ်းမှုကို ဖော်ပြသည့် နောက်ထပ်နမူနာတစ်ခု ဖြစ်ပါသည်။
ကုမ္ပဏီအနေဖြင့် ဂျပန်နိုင်ငံတွင် Cerezo Osaka၊ အမေရိကန်နိုင်ငံတွင် New York Red Bulls နှင့် ဗီယက်နမ်နိုင်ငံ လက်ရွေးစင် ဘောလုံးအသင်း စသည်တို့ကိုလည်း စပွန်ဆာ ပေးထားပါသည်။

AFF Suzuki Cup အကြောင်း

AFF Suzuki Cup သည် အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) မှ နှစ်နှစ်တစ်ကြိမ် ဦးစီးကျင်းပသည့်ပွဲဖြစ်ပြီး FIFA အသိအမှတ် ပြုခံရသလို အရှေ့တောင်အာရှ နိုင်ငံများမှအသင်းများ ပါဝင်ယှဉ်ပြိုင်ကြပါသည်။
၂၀၁၈ ခုနှစ်တွင် ၁၂ ကြိမ်မြောက် AFF Suzuki Cup ကို ပုံစံသစ်ဖြင့် နိုဝင်ဘာလ ၈ ရက်မှ ဒီဇင်ဘာလ ၁၅ ရက်အထိ ကျင်းပပါမည်။
ဝင်ခွင့်ရအသင်း ၁၀ သင်းအား အုပ်စုနှစ်စုခွဲကာ အုပ်စုတစ်စုလျှင် ငါးသင်း ပါဝင်ပြီး အသင်းတိုင်းသည် အိမ်ကွင်းကစားပွဲ နှစ်ပွဲနှင့် အဝေးကွင်း ကစားပွဲ နှစ်ပွဲ အလှည့်ကျယှဉ်ပြိုင်သွားပါမည်။
ရှုံးထွက်အဆင့် ပြိုင်ပွဲပုံစံမှာ ယခင်အတိုင်းဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲတို့ကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကစားရပါမည်။
အသေးစိတ်သိရှိလိုပါက ဝင်ကြည့်ရန် www.affsuzukicup.com

YANMAR ကုမ္ပဏီအကြောင်း

Yanmar ကုမ္ပဏီကို ၁၉၁၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာမြို့တွင် စတင်တည်ထောင်ခဲ့သည်။ ကျစ်လျစ်သော ဒီဇယ်အင်ဂျင်ကို လက်တွေ့အသုံးပြုနိုင်သည့် အရွယ်အစားဖြင့် ၁၉၃၃ ခုနှစ်တွင် ပထမဆုံး အောင်မြင်စွာ ထုတ်လုပ်ခဲ့သည်။
ဆက်လုပ်၍ လုပ်ငန်းအသက်သွေးကြောဖြစ်သည့် လုပ်ငန်းသုံး ဒီဇယ်အင်ဂျင်များနှင့်အတူ Yanmar သည် စက်မှုလုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းအဖြစ် ပြီးပြည့်စုံသော ဖြေရှင်းဆောင်ရွက်မှုများ ပေးနိုင်အောင် မိမိတို့၏ ထုတ်ကုန် အမျိုးအစား၊ ဝန်ဆောင်မှုများနှင့် ကျွမ်းကျင်မှုတို့ကို ဆက်လက်ချဲ့ထွင်ခဲ့ပါသည်။
Yanmar ကုမ္ပဏီတွင် အကြီး အသေးအရွယ်မျိုးစုံ အင်ဂျင်များ၊ လယ်ယာသုံးစက်များနှင့် အသုံးအဆောင်များ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စွမ်းအင်စနစ်များ၊ ပင်လယ်ရေကြောင်း၊ စက်ပစ္စည်း ကိရိယာတန်ဆာပလာများနှင့် စက်အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းဟူ၍ လုပ်ငန်းဆောင်ရွက်သည့်နယ်ပယ် ခုနစ်ခု ရှိပါသည်။
မြေပြင်၊ ရေပြင်တွင်သာမက မြို့တော်များတွင်ပါ Yanmar ၏ ရည်မှန်းချက်ဖြစ်သည့် အစားအသောက် ထုတ်လုပ်ရေးနှင့် စွမ်းအင် ရယူသုံးစွဲရေးတို့တွင် ဖောက်သည်များ ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို အဓိကအာရုံထားပြီး ရေရှည်တည်တံ့သော ဖြေရှင်းဆောင်ရွက်မှုများ ပေးအပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ မနက်ဖြန်များအတွက် အများပြည်သူကို ဖြည့်ဆည်းပေးရေး ဆိုသည့်အချက်သည် Yanmar ၏ ယုံကြည်ချက်ဖြစ်သည့် ရေရှည်တည်တံ့သော အနာဂတ် ပေးအပ်နိုင်ရေးကို သက်သေထူထားပါသည်။
အသေးစိတ် သိရှိလိုပါက Yanmar Co., Ltd. ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် https://www.yanmar.com/global/about/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဆက်သွယ်ရန်-

Akihiro Nakanishi, Paul Bartels
လူထုဆက်ဆံရေးအဖွဲ့
အမှတ်တံဆိပ် ဆက်သွယ်ရေး ဌာနခွဲ၊ Yanmar Co., Ltd.
အီးမေးလ်- koho@yanmar.com

  • မှတ်ချက် - သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည့် သတင်းအချက်လက်မှာ ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်ပြီး မကြာမီကရနိုင်သည့် သတင်းအချက်အလက်နှင့်တော့ အနည်းငယ်ကွဲလွဲနိုင်သည်။

မော်ကွန်းတိုက်