အမျိုးအစား မြေမွစက်
အလေးချိန် 345 kg

သီးနှံများ

  • စပါး
  • ကြံ
  • ပီလောပီနံ
  • ပြောင်း
  • ဟင်းသီးဟင်းရွက်များ
  • ပဲ

တပ်ဆင်နိုင်သောထွန်စက်
Y1900RH for YM351A / YM357A / EF514T
Y2000RH for YM357A

အချက်အလက်များ

YM ထွန်စက် နှင့် အလိုက်ဖက်ဆုံး ပုံစံသစ် မြေမွစက်
အလေးချိန်ပေါ့ပါးသော မြေမွှစက်ကြောင့် လုပ်ငန်းခွင်လျှင်မြန်စွာပြီးမြောက်စေပြီး ပြန့်ပြူးသော မြေမြက်နှာပြင်နှင့် အကြမ်းခံမှုကို ရရှိစေမှာပါ

လယ်ကွင်း ယာကွင်းမ‌ရွေး ထွန်ယက်နှိုင်ခြင်း

လုပ်ငန်းခွင်အမြန်ဆုံးပြီးမြောက်စေခြင်း နှင့် မလိုလားအပ်သော စွမ်းအင်ဆုံးရှုံးမှုများ ကိုလျော့နည်းစေသည့် ဓားသွားများကြောင့် ဆီစားနှုန်းသက်သာခြင်း​

ပုံစံသစ်မြေမွစက် နောက်အဖုံးကြောင့် ထယ်ရေးပိုမိုလှပစွာပြီးမြောက်စေခြင်း


ပေါ့ပါးသော အလေးချိန် YM3 ထွန်စက်နှင့် အလိုက်ဖက်ဆုံး

  • ယန်းမာလယ်ထွန်စက် YM351A/YM357A နှင့်အကောင်းဆုံးလက်တွဲဖော် ။စက်နှင့် နောက်တွဲကို အလေးချိန်ဟန်ချက်ညီစွာပြုလုပ် ထားခြင်းကြောင့် လုပ်ငန်းများကို အဆင်ပြေစွာ လုပ်ဆောင်နှိုင်မည် ဖြစ်ပါသည်
  • ပေါ့ပါးကောင်းမွန်သော ဒီဇိုင်းကြောင့် ရွှံနွံထူထပ်သည့် ကွင်းမျိုးမှာတောင်ပေါ့ပေါ့ပါးပါး အလုပ်လုပ်ကိုင်နှိုင်မှာ ဖြစ်ပါတယ်

ယန်းမာ၏ မူရင်းဒီဇိုင်း Cကွေး အချိန်ကုန်ခြင်း၊ဆီစားများခြင်းတို့ကိုလျော့နည်းစေသည့်အပြင် စွမ်းအားပြည့်လုပ်ဆောင်နှိုင်သောဓားသွားများ

ကောင်းမွန်သည့် ( C ) ပုံစံဓားသွား ဒီဇိုင်းကြောင့်လုပ်ငန်းလုပ်ဆောင်ရာတွင် စက်သံပြောင်းလဲခြင်းမရှိဘဲ ညှင်သာစွာ ပြီးမြောင်စေမည်ဖြစ်သည့်အပြင် လယ်ကွင်း ယာကွင်းမ‌ရွေး ကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်



ပိုမိုအကြမ်းခံပြီး ရေရှည်အသုံးပြုနိုင်ခြင်း

အကြမ်းခံရေရှည် အသုံးပြုနိုင်သည့် အရည်အသွေးမြင့် ဂီယာဘောက်အမျိုးအစားနှင့် ချိန်းကြိုးအမျိုးအစား သုံးထားပြီး မြင်းကောင်ရေ ၅၇ ‌ကောင်နှင့် တွဲဖက်အသုံးပြုနိုင်သည့် ၆ပေ အကျယ် မြေမွစက်ဖြစ်ပါသည်


ပြောင်းလဲထားသည့်မြေမွစက်နောက်အဖုံးကြောင့် ထယ်ရေးကို ညီညာ လှပစွာပြီးမြောက်စေမှာပါ

အခြားမြေမွစက်များထက် နောက်ဖုံးကို ပိုမို ရှည်ထားပါသည်။ အဆို ပါနောက်အဖုံးသည် မြေပြင်ကို ပို မိုထိတွေ့စေသည့်အတွက် မြေမျက်နှာပြင်ပိုမိုညီညာစေပြီး ထယ်ရေးကို ညီညာလှပစွာ ပြီးမြောက်စေမှာပါ။


ထယ်ရေးအနက်လိုအပ်သလို အဆင့် ၄ဆင့် မှ ၅ဆင့် အထိ ချိန်ညှိနိုင်သည်

ထယ်ရေးလိုအပ်သလို အဆင့်၄ဆင့်မှ ၅ဆင့်အထိ ချိန်ညှိနိုင်သည့် အတွက် လိုအပ်သောထယ်ရေးအနက် ကိုရရှိစေမှာပါ။


ပိုမိုကျယ်ပြန့်သော အကွာအ‌‌ဝေးတစ်ခု‌ ကြောင့် စက်စွမ်းရည်ဆုံးရှုံးမှုကို လျော့ချ‌ ပေးပါသည်

ပိုမိုကျယ်ပြန့်သော အကွာ အဝေးဆိုသည်မှာ မြေမွစက်ဓားသွားနှင့် နောက်အဖုံးကြား အကွာအဝေးကိုဆိုလိုပါသည်။အဆိုပါကောင်းမွန်သည့်အကွာ အဝေးကြောင့် မြေကြီးများကပ်၍မနေပဲ အလွယ်တကူဖြစ်စေပါသည်။ထို့ကြောင့် စက်၏စွမ်းရည် ဆုံးရှုံးမှု မရှိစေပဲ ဆီစားနှုန်း သက်သက်သာသာနှင့် အလျှင်မြန်ဆုံးလုပ်ဆောင်နိုင်မှာပါ


အချက်အလက်များ

အမျိုးအစား Y1900RH Y2000RH
အလျား x အနံ x အမြင့် ‌(ပေ) 2,071 x 952 x 1,026 2,171 x 952 x 1,026
အလေးချိန် (တန်) 335 345
ထွန်ယက်နှိုင်သည့် အကျယ် (ပေ) 1,870 1,970
မောင်းနှင်မှုပုံစံ ဘေးဘက်မောင်းနှင်မှု
ဓားသွားပုံစံ အယ် နှင့် စီ ပုံစံ အရော
ဓားသွားအ‌ရေအတွက် 54 60
ချိတ်ဆက်မှု အဆင့် SAE #1 SAE #1
မြင်းကောင်ရေ 45 - 57 57

* မှတ်ချက်-ဖော်ပြပါနည်းပညာ အချက် အလက် အတိုင်းအတာများနှင့် အလေးချိန်တို့သည် အနီးစပ်ဆုံဖြစ်သည်။(ယန်းမာမှ အသိပေးမှု မရှိပဲ ပြောင်းလဲပြင်ဆင်နှိုင်ခွင့်ရှိသည်)။
* လယ်ယာမြေအနေအထားပေါ်မူတည်ပြီး စက်၏စွမ်းရည် ပြောင်းလဲမှုရှိနိုင်သည်

ဗီဒီယို