မြင်းကောင်ရေ 15.0 PS
အလေးချိန် 215 - 252 kg

သင်တို့၏ အကောင်းဆုံး မိတ်ဆွေမွန် GT-1 လက်တွန်းထွန်စက်

စွမ်းအားပြည့် မောင်းနှင်နှိုင်ခြင်း၊ ဆီစားနှုန်းသက်သာခြင်း၊ အရည်အသွေးမြင့်မားခြင်း နှင့် ကြာရှည်အသုံးပြုနိုင်းခြင်း စသည့် သင်တို့၏ မျှော်လင့်ခြင်းများစွာကို ယူဆောင်လာပေးမည့် GT-1 လက်တွန်းထွန်စက်ဖြစ်ပါသည်။

စက်၏ပင်မအင်္ဂါရပ်များ

၁။ စွမ်းဆောင်ရည်မြင့်မားသော TF120 Yanmar အင်ဂျင်

GT-! လက်တွန်းထွန်စက်သည် ဒီဇိုင်းအသစ်Yanmar TF120 အင်ဂျင်ဖြင့် တွဲဖက်အသုံးပြုထားပြီး အမြင့်ဆုံးမြင်းကောင်ရေ ၁၅ ကောင်ထိ တွဲဖက်အသုံးပြုနိုင်ပါသည်။ထို့အပြင် သက်တောင့်သက်သာ မောင်းနှင်နိုင်ခြင်း၊ စွမ်းအားပြည့်ထုတ်ပေးနိုင်ခြင်း တို့ကြောင့် ဆီစားနှုန်းသက်သက်သာစွာဖြင့် မောင်းနှင်နှိုင်မှာဖြစ်ပါသည်။


၂။ တိုက်ရိုက်ဆီဖြန်းစနစ်

Yanmar ၏ တိုက်ရိုက်ဆီဖြန်းသည့်စနှစ်သည် စက်၏ဆီစားမှုနှုန်းကို အထူလျှော့ချပေးသည့်အတွက် ဆီစားနှုန်းသက်သာစွာ ဖြင့်မောင်းနှင်နှိုင်မှာဖြစ် ပါသည်။


၃။ တုန်ခါမှု လျှေ့ာချပေးနိုင်ခြင်း

Yanmar ၏ ပြိုင်ဘက်ကင်းသော ဟန်ချက်ထိန်းတန်းနှစ်ခုသည် စက်၏ အရှိန် နှင့် အသံများကို လျော့ချခြင်းဖြင့် အသံကျယ်လောင်မှု ကို ဖယ်ရှားပေးနိုင်ပါသည်။ ဟန်ချက်မညီမျှမှုများကိုလည်း အတွင်းပိုင်းတွင် ထိန်းညှိပေးထားသောကြောင့် စက်တုန်ခါမှုကို လျော့နည်းစေပါသည်။ ထိုအပြင် အရွယ်အစားကြီးမားသော အသံထိန်း အိတ်ဇောပါသောကြောင့် အသံ ဆူညံခြင်းအား လျေ့ာကျစေပါသည်။


၄။ အလွယ်တကူမြင်နိုင်သော ဆီရေစစ်

ဆီစစ်အောက်ခြေတွင် ရေပါ၀င်လာမှု ပမာဏကို လွယ်ကူစွာ စစ်ဆေးနိုင်ပါသည်။ ဆီစစ်တွင် အလိုလျောက် လေရှူစနစ် ပါရှိ ‌‌သောကြောင့် မည်သည့် ကိရိယာမှ အသုံးမပြုပဲ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါသည်။


၅။ အင်ဂျင်ဝိုင် အချက်ပြစနစ်

အင်ဂျင်ဝိုင်၏ ဖိအား အတိုင်းတာအား အရောင်ကို ကြည့်ခြင်းအားဖြင့် လွယ်ကူစွာ စစ်ဆေးနိုင်ပါသည်။ အပြာရောင် – ပုံမှန်အခြေအနေ / အနီရောင်- ပုံမှန် မဟုတ်သော အခြေအနေ


၆။ လွယ်ကူစွာ ကြိုးချိန်ညှိနိုင်ခြင်း

မည်သည့်ကိရိယာမှ အသုံးမလိုပဲ ပူလီကြိုးကို လွယ်ကူစွာ ချိန်ညှိနိုင်ပါသည်။


၇။ လေစစ် ( အစိုစစ်)

မည်မျှသေးငယ်သော ဖုန်မှုန့်များကိုမဆို လွတ်ထွတ်မသွားအောင် ဆီသုံး၍ စစ်ထုတ်နိုင်သောကြောင့် သန့်စင်သောလေကို အင်ဂျင်အတွက် ပေးစွမ်းနိုင်ပါသည်။


၈။ ရှေ့မီးခလုတ်

ရှေ့မီးကို လက်ကိုင်းတန်းနေရာမှ အဖွင့်ပိတ်လုပ်နိုင်သည်။ မီးကြီး မီးသေး ပြောင်းနိုင်သည်။


၉။ အကူကလပ်

မလိုလားအပ်ပဲ စက်၏ လက်ကိုင်တန်း မြင့်တက်သွားပါက လက်ကိုင်အောက်မှ ကလပ်ကို ပိတ်နိုင်ပါသည်။


၁၀။ ဂီယာ ဘောက်

ကလပ်ပြား ၄ပြားအသုံးပြုထားပြီး သက်တန်းကြာရှည်စွာ အသုံးပြုနိုင်သည့် ဘယ်ရင်များကို အသုံးပြုထားသော FCD ဂီယာဘောက်ဖြစ်ပါသည်။ ရေဝင်ခံနိုင်ရန်အတွက်လည်း ဝိုင်းစည်းများကို တပ်ဆင်ထားပါသည်။

အသေးစိတ်အချက်အလက်များ

စက်အမျိုးအစား TH-A〔KH,MM〕 TH-B TH-C
Body dimensions Total length mm 3055 3055 3055
Overall width mm 1055-1205 1215-1315 1215-1315
Overall height mm 1225 1265 1315
mass〔without engine〕 kg 215 234 252
Engine Applying hosepower ~15HP ~15HP ~15HP
Travering portion Wheel 〔diameter x wides〕 mm 800 x 275 880 x 320 980 x 320
Diameter of engine pulley in. 5.5 4 4
V-Belt Size B72 B70 B70
Length in. 72 70 70
Quantity pcs 2 2 2
Speed travering at Engine speed
2400rpm 〔km/h〕
With AG-Tire size 5-12 F1 5.1 3.6 3.6
F2 9.6 6.8 6.8
F3 24.2 17 17
R1 3.7 2.6 2.6