YM351R, YM358R, YM358R-L1
YM351R YM358R YM358R-L1
မြင်းကောင်ရေ 51.4PS 57.6PS 57.6PS
အလေးချိန် 1690ကီလိုဂရမ် 1850ကီလိုဂရမ် 1840ကီလိုဂရမ်
  • တိုက်ရိုက်ဆီဖျန်းစနစ် ဒီဇယ်အင်ဂျင်

    ကမ္ဘာ့ပထမဦးဆုံး ဒီဇယ်အင်ဂျင်အသေးကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခဲ့သည့် ယန်းမာ၏ ကောင်းမွန်သော ဆီပို့မှုစနစ် နှင့် ပေါင်းစပ်ပေါက်ကွဲစေသော နည်းပညာတို့ကြောင့် စွမ်းအားပြည့်ထုတ်လုပ်နိုင်ခြင်းနှင့်အတူ လူသိများလာခဲ့သည်။ ထွန်ထယ်မောင်းနှင်သည့်တိုင် ယန်းမာထွန်စက်၏ ကောင်းမွန်သက်သာသော ဆီစားနှုန်းနှင့် ထူးကဲသောရေရှည်အသုံးခံမှုတို့ကို ရရှိမှာဖြစ်ပါသည် ။ ယန်းမာ၏ အကောင်းဆုံးသောစွမ်းအားနှင့်ရေရှည်အသုံးခံနိုင်သော

    YM358R ထွန်စက်များတွင် စွမ်းအားပြည့်ဝပြီး ရေရှည်အသုံးပြုနိုင်သည့် စွမ်းအားပြည့် အင်ဂျင် ( ၃.၃ လီတာ)ကို အသုံးပြုထားခြင်း၊
    ဆီစားသက်သာပြီး အင်ဂျင်အပတ်ရေ အနိမ့်ဆုံးမှာပင် အမြင့်မားဆုံး စွမ်းဆောင်ရည်ကို ရရှိနိုင်ခြင်း၊

    မိုနိုပလန်ဂျာ အင်ဂျက်ရှင်ပန့်

    ဆလင်ဒါတခုခြင်းဆီကို ညီညာစွာ ဆီပို့လွှတ်နိုင်ခြင်းနှင့် ညီတူညီမျှလောင်ကျွမ်းစေခြင်းကြောင့် တုန်ခါမှု အနည်းဆုံးနှင့် အမြင့်ဆုံးစွမ်းအားကို ရရှိစေပါသည်။

    ဆီပို့စနစ်

    ဆလင်ဒါသို့ တွန်းအားပြင်း ဆီပို့နော်ဇယ်များကို အသေးငယ်ဆုံးအထိ တိကျသေသပ်သော ဒီဇိုင်းဖြင့် ပြုလုပ်ထားသည်။

    မူလဒီဇိုင်းဖြင့် ဆီ၊လေ ပေါင်းစပ် လောင်ကျွမ်းခန်း

    အထူးပုံစံဖြင့် ပြုလုပ်ထားသည့် ဆီ၊လေ ပေါင်းစပ် ပေါက်လောင်ခန်းကြောင့် ဆီနှင့်လေ ကို အပြည့်အဝလောင်ကျွမ်းစေပြီး စွမ်းအားအပြည့်နှင့် အနိမ့်ဆုံး လေထုညစ်ညမ်းမှုကို ရရှိစေမှာဖြစ်ပါတယ်။

    နှစ်ထပ်စစ်လေစစ်

    နှစ်ထပ်စစ်လေစစ် စနစ်ကြောင့် လေထုထဲတွင်ပါဝင်သော သဲကြမ်းနှင့် ဖုန်မှုန့် များကို သန့်စင်စေပြီး ပရစ်စတင်များ ပွတ်တိုက်စားခြင်းကို သက်သာစေပါတယ်။

  • ဘက်စုံအသုံးပြုနိုင်ခြင်း

    လယ်မြေ၊ ယာမြေ နှင့် နောက်တွဲယာဉ်ချိတ်ဆွဲခြင်း

    အရှေ့တောင်အာရှရှိ မတူညီသော စိုက်ပျိုးမြေ အမျိုးမျိုးအတွက် ဘက်စုံသုံးထွန်စက် ဖြစ်ပါသည်။

    ကြီးမားသည့်တာယာ (ပန်းအမြင့်)

    * YM358R မော်ဒယ်တွင်သာ ပါရှိသည် *
    တာယာဆိုဒ်အကြီး (ပန်းအမြင့်)ကို အသုံးပြုထားသောကြောင့် လုပ်ငန်းခွင်တွင် အကောင်းဆုံးလုပ်ဆောင်ချက်များ (ရုန်းအား/ဆွဲအား)ကို လုပ်ဆောင်နိုင်မှာဖြစ်ပါသည်။

    ပုံစံအသစ် နောက်တွဲမြေမွစက်

    ဆန်းသစ်တီထွင်လိုက်သော ဒီဇိုင်းဆိုသည်မှာ စိုစွတ်သောမြေပြင်တွင် အရှိန်မြှင့်မောင်းနှင်သည့်တိုင် မြေကြီးများ စက်၏အတွင်းသို့ ဝင်ရောက်၍ စက်၏စွမ်းအားဆုံးရှံးမှု မရှိစေဘဲ ရှည်လျားသောနောက်အဖုံးကြောင့် လှပသောမြေပြင်ထယ်ရေးကို ရရှိစေမှာဖြစ်ပါတယ်။

    ရှည်လျားသော နောက်အဖုံး

    သမရိုးကျနောက်ဖုံးများထက် ၁၅% ပိုမို ရှည်လျားခြင်းကြောင့် မြေမျက်နှာပြင် ပိုမိုကျယ်ပြန့်စွာဖြင့် လှပစွာပြီးစီးမှာဖြစ်ပါတယ်။

    မြေပြင်ကင်းလွတ်အမြင့်

    ကောင်းမွန်သော မြေပြင်ကင်းလွတ်ခြင်းကြောင့် ရွှံ့နွံ့ထူထပ်သောအခြေအနေ သို့မဟုတ် ကောက်ပဲသီးနှံများအပေါ်မှ ဖြတ်သည့်တိုင် ထိခိုက်ပျက်စီးမှု ရှိမည် မဟုတ်ပါ၊

    ဟိုက်ဒရောလစ် မ တင်နိုင်မှု ဝန်အား

    ကြီးမားလေးလံသော ထယ် သို့မဟုတ် အပင်စိုက် ကိရိယာများကိုလည်း လုပ်ငန်းခွင်ထဲတွင် ကြီးမားသောအတန်းများနှင့် လွတ်အောင် အလွယ်တူ မ တင်နိုင်သည်၊
    *အနိမ့်ဆုံးချိတ်ဆက်တံ အဆုံး မှ"

    ကွေ့ခြင်း

    အကွေ့အကောက်များတွင် ရှေ့ဘီးဝင်ရိုးအား ၅၅ဒီဂရီအထိကွေ့ဝိုက်ကာမောင်းနှင်နိုင်သောကြောင့် လယ်ယာမြေများတွင် အကွေ့အဝိုက်တိုကာ အချိန်ကုန်သက်သာစေမှာဖြစ်ပါတယ်။

    နောက်တွဲယာဉ်ချိတ်ဆက်တံ

    အမျိုးမျိုးသောနောက်တွဲယာဉ်နှင့် ဝန်တို့ ချိတ်ဆက်ဆွဲရန်အတွက် တပ်ဆင်ထားခြင်း

  • ယာလုပ်ငန်းသုံး အထူးပြု (Only YM358R,L1)

    ထယ်ရေး အနက် ထိန်းညှိစနစ်

    YM358R, L1 မော်ဒယ်တွင်သာ ပါရှိသည်။
    ထယ်ရေးအနက် ထိန်းညှိစနစ်သည် ထယ်ရေးအနက်ဆူး လွန်လာသည့် အချိန်များတွင် စက်အား ဝန်ပိုမှုမရှိစေဘဲ အလိုအလျောက် ထိန်းညှိပေးသော စနစ်ဖြစ်ပါသည်။ ဝန်ပိုရုန်းဆွဲ နေရသောကြောင့် ကြန့်ကြာနိုင်သည့်အချိန်များကို လျှော့ချပေးနိုင်သလို ထယ်ရေးအနက် ထိန်းညှိစနစ်ကြောင့် လုပ်ငန်းခွင်ကို လျင်မြန်စွာ ပြီးမြောက်နိုင်ပါသည်။

    ကြီးမားသည့်တာယာ

    တာယာဆိုဒ်အကြီး (ပန်းအမြင့်)ကို အသုံးပြုထားသောကြောင့် လုပ်ငန်းခွင်တွင် အကောင်းဆုံးလုပ်ဆောင်ချက်များ (ရုန်းအား/ဆွဲ အား)ကို လုပ်ဆောင်နိုင်မှာဖြစ်ပါသည်။

    အဆင့် ၄ ဆင့် ချိန်ညှိခြင်း

    YM358R, L1 မော်ဒယ်တွင် ရှေ့တာယာနှင့် နောက်တာယာတို့အား လမ်းမောင်းခွင် အကျဉ်းအကျယ် ချိန်ညှိနိုင်ပြီး သီးနှံစိုက်ပျိုးရိတ်သိမ်းမှုပေါ် မူတည်၍ လမ်းမောင်းခွင် အကျယ်၄ဆင့်ထိ ချိန်ညှိနိုင်ပါသည်။

    နောက်တွဲ ချိတ်ဆက်မှု ၃ နေရာ (အပေါက်အမျိုးအစား)

    YM358R, L1 မော်ဒယ်တွင်သာ ပါရှိသည်။
    နောက်တွဲ ချိတ်ဆက်မှု ၃ နေရာတွင် Cat Ⅰ & Ⅱ အမျိုးအစား အပေါက်များကို အသုံးပြုထားသောကြောင့် မည်သည့် နောက်တွဲမဆို လွယ်ကူစွာ ပြောင်းလဲတပ်ဆင်ပြီး အသုံးပြုနိုင်မှာဖြစ်ပါသည်။

  • ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း

    သင်အလိုရှိသော လုပ်ငန်းအားလုံး ပြီးမြောက်နိုင်စေခြင်း

    သက်တောင့်သက်သာဖြင့် မောင်းနှင်နိုင်သောကြောင့် နာရီပေါင်းများစွာ သင်အလိုရှိသလို ဆောင်ရွက်နိုင်စေခြင်း

    သက်တောင့်သက်သာစွာဖြင့် ဂီယာရွှေ့ပြောင်းနိုင်သည့် ဂီယာဘောက်

    အပြည့်အ၀ အရှိန်နှုန်းတူညီစွာ လည်ပတ်စေသည့် ဂီယာပြောင်းစနစ်ကြောင့် သင်မောင်းနှင်နေသည့် အချိန်မှာ ဂီယာပြောင်းသည့်တိုင် ဆူညံမှုနှင့် ခက်ခဲမှု မရှိပါ။

    စိုက်ခရိုနိုက်ဖြင့်ပြုလုပ်ထားသည့် နောက် လီဗာ

    စိုက်ခရိုနိုက်ဖြင့်ပြုလုပ်ထားသည့် နောက် လီဗာ

    စတီယာရင် ဘေးတွင်ရှိသော ဂီယာတိုင်ကြောင့် သင့်အနေဖြင့် လွယ်ကူလျင်မြန်ချောမွေ့စွာ ရှေ့တိုးနောက်ဆုတ် ပြုလုပ်နိုင်ပါသည်။

    အဆင့် ၄ချက်ပါသော ညင်သာ စွာရွှေ့ပြောင်းနိုင်သည့် ဂီယာတံ

    အဆင့် ၄ချက်ပါသော ညင်သာ စွာရွှေ့ပြောင်းနိုင်သည့် ဂီယာတံ

    အကောင်းဆုံးသော အရှိန် နှုန်းကို လိုအပ်သလို ရွေးချယ်နိုင်မည် ဖြစ်ပါသည်။

    သက်တောင့်သက်သာ ရှိစေသော ထိုင်ခုံ

    သက်တောင့်သက်သာ ရှိစေသော ထိုင်ခုံ

    မောင်းနှင်သူအတွက် ထိုင်ခုံအား စိတ်ကြိုက် ချိန်ညှိ အသုံးပြုနိုင်ခြင်းကြောင့် တနေ့လုံး သက်တောင့်သက်သာ ရှိစေမှာ ဖြစ်ပါတယ်။

    ထိုင်ခုံ နောက်ဖက်မှ အဆင့်ဆင့်ချိန်ညှိနိုင်သော လက်ကိုင် ဘုတုံး
    ဟိုက်ဒရောလစ် ပါဝါ စတီယာတိုင်

    ဟိုက်ဒရောလစ် ပါဝါ စတီယာတိုင်

    ဟိုက်ဒရောလစ် ပါဝါ စတီယာတိုင် အသုံးပြုထားခြင်းကြောင့် ရွှံနွံ့ ထူထပ်သည့် ကွင်းအခြေအနေမှာတောင် အလွယ်တကူမောင်းနှင်ကွေ့ဝိုက်နိုင်မည် ဖြစ်ပါသည်။

    ကျယ်ဝန်းသောခြေနင်းခုံ

    ကျယ်ဝန်းသောခြေနင်းခုံ

    ကျယ်ဝန်းသော ခြေနင်းခုံကြောင့် မောင်းနှင်သူ အတက်အဆင်းပြုလုပ်ခြင်းနှင့် မောင်းနှင်သောအခါတွင် သက်တောင့် သက်သာရှိစေမှာ ဖြစ်ပါတယ်၊

    ထယ်ခုံ ချိတ်ဆက်မှု ထိန်းချုပ် လီဗာ

    ထယ်ခုံ ချိတ်ဆက်မှု ထိန်းချုပ် လီဗာ

    လယ်ယာမြေ ထွန်ယက်ရာတွင် နောက်ဆက်တွဲ ပစ္စည်းအတိမ်အနက်အား စိတ်ကြိုက် ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။

    လေးဘီးလော့ချမောင်းနှင်ရန် ခြေနင်းတံ

    လေးဘီးလော့ချမောင်းနှင်သည့်စနစ်ကြောင့် ရွှံနွံ့ထူထပ်သည့်ကွင်းတွင် လုပ်ဆောင်မှုကို အထောက်အကူပြုစေမှာဖြစ်ပါတယ်။

    အဆင့် ၂ ဆင့်အရှိန်ပြောင်း လီဗာ

    လယ်ကွင်း နှင့် အမျိုးမျိုးသောကွင်းအနေအထားများတွင် အသုံးပြုမောင်းနှင်ရန်အတွက် ဂီယာ အနိမ့်၊အမြင့်ဖြင့်လိုအပ်သောအရှိန်ကို ရွေးချယ်နိုင်မည် ဖြစ်ပါသည်။

    လေးဘီးမောင်း လီဗာ

    လေးဘီးမောင်း လီဗာ

    ရိုးရှင်းသော လီဗာကြောင့် နှစ်ဘီးမောင်း စနစ်မှ လေးဘီးမောင်း စနစ်သို့ ပြောင်းပြီး ပိုမိုကောင်းမွန်သော ရုန်းဆွဲအားကို ရရှိစေပါတယ်။

    လွယ်ကူသော PTO ခလုပ်

    လွယ်ကူသော PTO ခလုပ်

    PTO ခလုပ်အားပိတ်လိုက်ရုံဖြင့် PTO အား ထိခိုက်မှုကင်းစွာဖြင့် အပေါ်သို့ မ တင်လိုက်မည် ဖြစ်ပါသည်။ ထို့အတွက်ကြောင့် ထွန်စက်အား ရပ်ရန်မလိုပါ။

  • အခြားတပ်ဆင်ထားသော ပစ္စည်းများ

    ကြီးမားသော ဆီသိုလှောင်ကန်

    ဒီဇယ်ဆီတိုင်ကီသည် ဆီပမာဏ ၅၀ လီတာကို သိုလှောင်နိုင်သောကြောင့် တနေ့တာ အလုပ်လုပ်ဆောင်ချိန်အတွင်း ထပ်မံ ဖြည့်တင်းရန်မလိုပါ။

    လင်းအားမြင့် ရှေ့မီးကြီး

    နေဝင်သည့် အချိန်မှာတောင် အနိမ့်၊အမြင့် အလင်းရောင်တန်းက အမှောင်ကို ဖောက်ထွင်းပြီး ဆက်လက်လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

    ၁၂ ဗို့ အားသွင်းခလုတ်

    လက်ကိုင်ဖုန်း နှင့် အခြားအရာများကို အလုပ်လုပ်နေရင် အားသွင်းနိုင်ပါသည်။

    အောက်ခံ ပုံစံခွက်

    အအေးဗူး ၊အအေးခွက် အစရှိသည့် ထည့်လိုသည့် အရာများ ထည့်သိမ်းနိုင်ပါသည်။

    ကိရိယာများထည့်ရန် သေတ္တာ

    ခြေနင်း အနားတွင်တည်ရှိသောကြောင့် အလွယ်တကူ အသုံးပြုနိုင်ပါသည်။

    ROPS

    ခေါက်သိမ်းနိုင်သည့် အမိုးကိုင်းစနစ်ကြောင့် စက်ကိုသိမ်းဆည်းရာတွင် ပိုမိုလွယ်ကူစေပါသည်

    အမိုး

    ကြီးမားကျယ်ပြန့်သော ထွန်စက်အမိုးကို အသုံးပြုထားသောကြောင့် နေရောင်ခြည်ဒဏ်ကို လုံလောက်စွာကွာကွယ်ပေးနိုင်ပါသည်။

  • Smart assist

    SMARTASSIST Remote (SA-R) စနှစ်တပ်ဆင်ထားခြင်း

    GPS စနှစ်ကြောင့် စက်၏တည်နေရာ ဘယ်နေရာမှာရှိတယ် အခြားအာရုံခံစနှစ်တွေ ကြောင့်စက်ဘာဖြစ်နေတယ်ဆိုတာတွေ ဘယ်နေရာမှာ အလုပ်လုပ်နေတယ်ဆိုတာတွေကို အတိကျသိရှိနိုင်ပါသည်။ စက်ပျက်ယွင်းမှုများ နှင့် မလိုလားအပ်သော အမှားယွင်းများကို လျှော့ချပေးနိုင်ခြင်းကြောင့် အပိုငွေကုန်နိုင်မှုများ မရှိနိုင်တော့ပါ။

  • လွယ်ကူစွာ ပြုပြင် ထိန်းသိမ်းနိုင်ခြင်း

    စက်အဖုံး

    အပူဒဏ်ခံ စက်အဖုံးအား ၈၀ ဒီဂရီအထိ လွယ်ကူစွာ ဖွင့်နိုင်ပိတ်နိုင်ပါသည်။

    အမဲဆီ ထိုးရန်နေရာ

    အမဲဆီ ထိုးရန်နေရာများသည် သင့်တော်လွယ်ကူသည့် နေရာများတွင် တည်ရှိခြင်းကြောင့် လိုအပ်သည့် အချိန်များတွင် လွယ်ကူစွာ ပြုလုပ်နိုင်ပါသည်။

    ဘက်ထရီ

    မည်သည့် ပြုပြင်မှုမှ မလိုဘဲ သင့်တနေ့တာ စတင်ရန် စွမ်းအားအပြည့်ပေးနိုင်ပါသည်။

    ဆီ ရေစစ်

    အင်ဂျင်အတွင်းသို့ ရေနှင့် အညစ်အကြေးများဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

    အင်ဂျင်ဝိုင်စစ်

    မည်သည့် အဖုံးအကာမှ ဖြုတ်တပ်ရန်မလိုဘဲ အလွယ်တကူ ဖြုတ်နိုင်၊ တပ်နိုင်သည်။

  • စစ်မှန်သော အပိုပစ္စည်း

    ယန်းမာ၏ စစ်မှန်သော အပိုပစ္စည်းများသည် သင့်စက်၏သက်တမ်းနှင့် စွမ်းဆောင်ရည်ကို ပိုမိုရှည်ကြာစေမှာဖြစ်ပါတယ်။

    သာမာန်ထက်ပိုအသုံးခံသော ဂီယာဆီ TF500T

    နာရီ ၆၀၀ အထိ အသုံးခံသောကြောင့် ဆီလဲလှယ်ရသည့် အချိန် နှင့် ငွေကုန် သက်သာစေပါတယ်။

  • အခြားရွေးချယ်နိုင်မှု

    ရှေ့ဝိတ်တုံး (1A8253-10300)
    ရှေ့ဝိတ်ချိတ်ရန်ကြားခံတုံး (1A8253-10200)
    ၃၀ ကီလိုဂရမ်ရှိသော ဝိတ်တုံး ၅ တုံးအထိ ချိတ်ဆက်နိုင်ပါသည်

    YM351R
    YM358R
    YM358R,L1

    နောက်ဝိတ်တုံး (1A8253-34990)

    YM351R
    ၂၀ ကီလိုဂရမ်ရှိသော ဝိတ်တုံး ၁တုံးနှင့် ၂၅ ကီလိုဂရမ် ရှိသောဝိတ်တုံး ၂ တုံး၊ စုစုပေါင်း ၇၅ ကီလိုဂရမ်အထိ ချိတ်ဆက်နိုင်ပါသည်။

    YM358R, YM358R-L1
    နောက်ဝိတ်တုံး ( 1A8253 34990 )
    ၇၀ ကီလိုဂရမ်ရှိသော ဝိတ်တုံးကို တစ်ဖက်တစ်ချက်စီတွင် ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါသည်။

    နောက်ထယ်ရေးကြည့်မီး (1A8253-54100)

    ညဘက်မောင်းနှင်သည့်အချိန်တွင် နောက်တွင်ရှိသော ထယ်ရေးနှင့်အခြားအရာများကို လွယ်ကူစွာကြည့်နိုင်ပါသည်။

    ထွန်စက် အမိုးကိုင်းပေါ်တွင် LED မီးသီး (1A8253-54910)

    ကို တပ်ဆင်ထားသောကြောင့် မိမိလိုချင်တော နေရာသို့ (ရှေ့/နောက်/ဘယ်/ညာ) မီးအလင်းရောင်ဖြင့် ကြည့်နိုင်မှာ ဖြစ်ပါသည်။

  • နောက်တွဲထွန်ယက်ရေး ပစ္စည်းများ

    မြေမွစက်

    မြေမွခြင်း၊ မြေချေခြင်း၊ မြေညှိခြင်း၊

    မော်ဒယ် Y1800RH Y1900RH Y2000RH
    ဂီယာဘောက် အမျိုးအစား ဂီယာ အမျိုးအစား ဟိုက်ဒရောလစ်ကလပ်ဖြင့်ပြုလုပ်ထားသည့် type
    အချိုး ဟိုက်ဒရောလစ်ကလပ်ဖြင့်ပြုလုပ်ထားသည့် T
    ချိန်း ဘေးချိန်း
    အတိုင်းအတာများ
    ( အလျား x အနံ x အမြင့် ) [မီလီမီတာ]
    1971×952×1026 2071×952×1026 2171×952×1026
    အလေးချိန် [ကီလိုဂရမ်] 325 335 345
    အလုပ်လုပ်သောဧရိယာအလျား [မီလီမီတာ] 1770 1870 1970
    ဓားသွားအမျိုးအစား L နှင့် C အမျိုးအစား
    ဓားသွားအရေအတွက် ဘယ် [အပိုင်းများ] 27 27 30
    ညာ [အပိုင်းများ] 27 27 30
    အမြန်နှုန်း (ဓားသွားဝင်ရိုး ၊ PTO ဝင်ရိုး ) [အင်ဂျင်လည်ပတ်နှုန်း] 237 / 540
    တွဲဖက်နိုင်သောမြင်းကောင်ရေ အမျိုးအစား [မြင်းကောင်ရေ] 51 - 57
    အလုပ်အမြန်နှုန်း ( ပျှမ်းမျှ ) [km/h] 2 - 7

    ထွန်ခုံ

    မြေလှန်ခြင်း ၊ မြေမွခြင်း ၊ မြေညှိခြင်း ၊

    မော်ဒယ် Y2460PDK Y2450PDK Y2460PDL Y2260PDL,W Y2450PDL
    ဗန်း အရွယ်အစား [inch] 24 24 24 22 24
    ဗန်း အရေအတွက် [အပိုင်းများ] 6 5 6 6 5
    အလျား x အနံ x အမြင့် [မီလီမီတာ] 1510 x 2130 x 1095 1510 x 2130 x 1095 1450 x 2200 x 980 1400 x 2200 x 955 1450 x 2200 x 980
    အလေးချိန် [ကီလိုဂရမ်] 445 450 416 372 390
    လုပ်နိုင်သည့် အနက် [မီလီမီတာ] 150 - 200 150 - 200 100 - 150 100 - 150 100 - 150
    လုပ်နိုင်သည့် အလျား [မီလီမီတာ] 1420 1215 1385 1275 1385
    မြေအမျိုးအစား Any soil Any soil Any soil Any soil Any soil
    တွဲဖက်နိုင်သောမြင်းကောင်ရေ အမျိုးအစား [မြင်းကောင်ရေ] 39 - 51 39 - 51 45 - 51 45 - 51 45 - 51
    အလုပ်အမြန်နှုန်း ( ပျှမ်းမျှ ) [km/h] 3 - 8 3 - 8 3 - 8 3 - 8 3 - 8

    ထယ်ခုံ

    မြေလှန်ခြင်း

    မော်ဒယ် Y2430DPK Y2440DPK Y2240DPL,W Y2430DPL
    ဗန်း အရွယ်အစား [inch] 24 24 22 24
    ဗန်း အရေအတွက် [အပိုင်းများ] 3 4 4 3
    အလျား x အနံ x အမြင့် [မီလီမီတာ] 1235×2335×1200 1415×2810×1265 920×2300×1050 1020×2300×1100
    အလေးချိန် [ကီလိုဂရမ်] 475 560 305 389
    လုပ်နိုင်သည့် အနက် [မီလီမီတာ] 200 - 250 200 - 250 150 - 200 200 - 250
    လုပ်နိုင်သည့် အလျား [မီလီမီတာ] 860 1080 1420 1220
    မြေအမျိုးအစား Any soil Any soil Any soil Any soil
    တွဲဖက်နိုင်သောမြင်းကောင်ရေ အမျိုးအစား [မြင်းကောင်ရေ] 39 - 57 39 - 57 39 - 57 45 - 57
    အလုပ်အမြန်နှုန်း ( ပျှမ်းမျှ ) [km/h] 3 - 8 3 - 8 3 - 8 3 - 8

    ရှေ့ဂေါ်

    မြေယာဖေါ်ခြင်း ၊ မြေတွန်းညှိခြင်း

    မော်ဒယ် Y1810FBG Y1820FBG
    တွဲဖက်အသုံးပြုနိုင်သော ထွန်စက် [မြင်းကောင်ရေ] YM351A YM357A
    အလေးချိန် [ကီလိုဂရမ်] 380 385
    လုပ်နိုင်သည့် အလျား [မီလီမီတာ] 1800 1800
    ရှေ့ဂေါ်အမြင့် [မီလီမီတာ] 526 526
    မြေပြင်ကင်းလွတ် အမြင့် [မီလီမီတာ] 304 314
    ဟိုက်ဒရောလစ် ဆလင်ဒါ အတိုင်းအတာ Rod Diameter [မီလီမီတာ] 45 45
    Bore Diamiter [မီလီမီတာ] 55 55
    Stroke [မီလီမီတာ] 485 485
    အလုပ်အမြန်နှုန်း ( ပျှမ်းမျှ ) [km/h] 3 - 4